ချစ်သူစိတ်ဓာတ်ကျနေရင် လုပ်ပေးသင့်သည့်အရာများ

လောကဓံပင်လယ်ပြင်ထဲမှာ ကူးခတ်ရွက်လွင့်နေရင်း အမြဲတမ်း ပျော်ရွှင်စေတဲ့ ရေလှိုင်းလေးတွေချည်းပဲ မျှော်လင့်လို့ မရပါဘူး။ စိတ်အနှောက်အယှက်ပေးမယ့် မုန်းတိုင်တွေ၊ ကြံခိုင်မှုကို အားပျော့စေမယ့် ကျောက်ဆောင်တွေကိုလည်း တွေ့
ကြုံရမှာ မလွဲဧကန်ပါဘဲ။ အခုလည်း သင့်ချစ်သူဟာ လောကဓံ ဒဏ်ချက်ကြောင့် စိတ်ဓာတ်တွေ ယိမ်းယိုင်ပြိုလဲနေတဲ့ အ
ခါ သင် ဘာလုပ်သင့်တယ်ဆိုတာကို Shwemom ကနေ ညွှန်းလိုက်ပါတယ်။

(၁) ပျော်ရွှင်စရာတွေ ဖန်တီးပါ

လူတွေ စိတ်ညစ်နေတဲ့အခါ ပျော်ရွှင်စရာက သူ့အလိုလို ရောက်လာလေ့မရှိပါဘူး။ ဒီတော့ ပျော်ရွှင်စရာကို တမင် ဖန်တီး
တတ်ဖို့ လိုပါတယ်။ ချစ်သူကို ဘယ်လိုပုံစံနဲ့ ပျော်ရွှင်မှုတွေ ပေးမလဲဆိုတာကိုတော့ သင် ဉာဏ်မီသလောက် စဉ်းစား
ကြည့်ပါ။ ကမ်းနားဘက်မှာ လေညှင်းခံထွက်မှာလား၊ ဂိမ်းကစားမှာလား၊ ပါတီတက်မှာလား အဆင်ပြေတာ တစ်ခုခုပေါ့။

(၂) ရယ်အောင် လုပ်ပါ

ရယ်စရာတွေ များများပြောပါ။ ဒီလိုအချိန်မျိုးမှာ သူရယ်ဖို့ဆို တစ်တစ်ခွခွ ဟာသတွေ ပြောသင့်ရင်လဲ ပြောရမယ် …
စောင်အကွက်ကြီး ကိုယ်မှာပတ်ပြီး လူရွှင်တော် လုပ်သင့်ရင်လည်း လုပ်ရမယ်။

(၃) သူပြောချင်ရာ ပြောပါစေ

သူ ရင်ဖွင့်ချင်တယ်ဆိုရင် ကြိုက်ရာပြော၊ ကြိုက်သလောက်ပြော၊ ကြိုက်တဲ့အချိန်ပြော သင် နားထောင်ပေးဖို့ Ready ဖြစ်
နေရမယ်။ တစ်ခါတလေ အဲဒီလို ပြောချင်တာတွေ အံချလိုက်ရင် စိတ်ပေါ့သွားတတ်ပါတယ်။

(၄) စိတ်ဓာတ်တက်ကြွစေမယ့် ရုပ်ရှင်/ဗီဒီယိုကို အတူတူကြည့်ပါ

အမျိုးသမီးဇာတ်ကောင်ကို ဦးစားပေးရိုက်ကူးထားတဲ့ ရုပ်ရှင်/ဗီဒီယိုကို အတူတူကြည့်ပေးဖို့ မမေ့ပါနဲ့။ အထူးသဖြင့် သူ့
လက်ရှိ အခြေအနေနဲ့ ကွက်တိ တိုက်ဆိုင်နေတဲ့ ဇာတ်ကားမျိုးဆို နှစ်ခါလောက် ထပ်ကြည့်သင့် ကြည့်လိုက်ပါ။

(၅) ပွေ့ဖက်ထားပါ

ပွေ့ဖက်ထားခြင်းဟာ နာကျင်မှုတွေကို သက်သာစေတယ်၊ အားငယ်မှုတွေကို အားပြည့်စေတယ်၊ ၀မ်းနည်းမှုတွေကို ပြေ
ပျောက်စေတယ်၊ ဒဏ်ရာတွေကို ချေဖြတ်နိုင်ပါတယ်။ ဖက်ခြင်းဟာ စကားလုံးတွေ အများကြီးထက် အကောင်းဆုံးအား
ပေးခြင်းပါဘဲ။

(၆) တစ်နေရာရာကို ခရီးထွက်ပါ

စိတ်ပျေလက်ပျောက်သဘောနဲ့ တစ်နေရာရာကို ခရီးထွက်တာမျိုး စီစဉ်လိုက်ပါ။ ခရီးစဉ်တစ်ခုဟာ ဒဏ်ရာတွေ၊ နာကျင်
မှုတွေ၊ ညှိုးလျှော်အားငယ်ခြင်းတွေကို ပျောက်ကင်းစေပြီး အားအင်အသစ်တွေကို ပေးပါတယ်။

အချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ စာဖတ်ပရိတ်သတ်များကိုလဲ ကျေးဇူးအထူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *