မျက်နှာစူပုပ်နေတတ်သူတွေက တခြားသူတွေထက် အသက်ပိုရှည်ကြကြောင်းလေ့လာတွေ့ရှိ

လူဖြစ်လာတဲ့ဘ၀မှာ ပျော်ရွှင်အောင်နေရမယ်လို့ အကြံပေးတာတွေ နေရာတကာမှာ ကြားဖူးမှာပါ။ လူတစ်ယောက်က အချိန်တိုင်းတော့ မပျော်နိုင်ပါဘူး။ စိတ်ညစ်စရာတွေ၊ ၀မ်းနည်းစရာတွေဖြစ်နေတဲ့အချိန်လည်းရှိမှာပါ။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပြုံးထားဖို့၊ ပြုံးတာက အခက်အခဲတွေကို အလိုလိုပြေ ပျောက်စေနိုင်တယ်လို့ ယူဆထားကြပြီး မျက်နှာတည်တာ၊ စူပုတ်နေတာက မကောင်းဘူး၊ စိတ်ညစ်စရာတွေပိုဖြစ်စေတယ်လို့ ယူဆထားကြပါတယ်။

ဒါပေမယ့် အခု နောက်ပိုင်းစိတ်ပညာရှင်တွေရဲ့ လေ့လာမှုတွေအရ ရုပ်တည်ကြီးနဲ့ နေတဲ့မျက်နှာပိုင်ရှင်တွေက တခြားသူတွေထက် ပိုပြီးအသက်ရှည်လေ့ရှိကြတယ်ဆိုတာကိုတွေ့ရှိခဲ့ပါတယ်။

မျက်နှာတည်တဲ့သူတွေ၊ စူပုတ်နေတတ်တဲ့သူတွေဟာ ညှိနှိုင်းစကားပြောတဲ့နေရာမှာတော်တဲ့သူတွေဖြစ်ပြီး၊ အရေးကြီးဆုံးဖြတ်ချက်တွေချရမှာလည်း တွေဝေခြင်းမရှိတဲ့သူတွေပါ။

သူတို့တွေဟာ တည်ငြိမ်တဲ့ အိမ်ထောင်ရေးရှိပြီး ဘ၀ရည်မှန်းချက်လည်း ပိုကြီးသူတွေဖြစ်ရုံမက တခြားသူတွေထက်လည်း ၀င်ငွေပိုကောင်းတဲ့သူတွေဖြစ်ကြတယ်လို့ တွေ့ရှိခဲ့ပါတယ်။

သူတို့တွေဟာ စိတ်ထဲမှာဖြစ်နေတဲ့ အဆင်မပြေမှုတွေကို ဟန်ဆောင်ပြီး အဆင်ပြေသလို ပျော်ချင်ယောင်မဆောင်တတ်တဲ့အတွက် စိတ်ဖိစီးမှု ပိုနည်းတယ်၊ မကျေလည်မှုအစိုင်အခဲတွေကို ရင်ထဲမှာ မသိမ်းထားတတ်တဲ့အတွက် Stress တွေပိတာမျိုးလည်း ဖြစ်နိုင်ချေ နည်းပါတယ်။

စစ်တမ်းကောက်လိုက်တဲ့အခါ စူပုတ်နေတတ်တဲ့သူတွေက အစားအစာအလွန်အကျွံစားသောက်တာ၊ အရက်အလွန်အကျွံသောက်သုံးတာနဲ့ ကိုယ့်ကိုယ်ကို ထိခိုက်စေမယ့်အရာတွေ မလုပ်ကြတာကို တွေ့ခဲ့ရပါတယ်။

ယေဘုယျအားဖြင့် မျက်နှာစူပုတ်နေတဲ့သူတွေက အတိတ်က ကိစ္စ တွေကို လက်ရှိအချိန်ထဲ သယ်လာပြီး တွေးတောနေတာမျိုး သိပ်မရှိကြဘဲ လက်ရှိအချိန်မှာပဲ နေထိုင်ကြတဲ့သူတွေဖြစ်တာကိုလည်း သိရှိခဲ့ကြပါတယ်။ သူတို့တွေရဲ့ ဦးနှောက်အလုပ်လုပ်ပုံက တစ်နေ့တာအတွက် အားစိုက်ပြီး တွေးတောတဲ့ပုံစံမျိုး ဖြစ်တဲ့အတွက် တီထွင်ဖန်တီးနိုင်စွမ်းမှာလည်း တခြားသူတွေထက် သာလွန်နေပါတယ်။

ဦးနှောက်က မလိုအပ်တာတွေ တွေးပြီးပင်ပန်းနေတာမျိုး မရှိတာကြောင့် Cortisol လို့ ခေါ်တဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းထွက်ရှိမှုလည်း နည်းသွားပါတယ်။ အဲ့ဒါကပဲ သူတို့တွေကို တခြားသူတွေထက် အသက်ပိုရှည်စေတဲ့အချက်ဖြစ်စေတယ်လို့ ပြောရမှာပါ။

သင်တို့လည်း “မင်းမျက်နှာကလည်း စူပုတ်နေတာပဲ၊ ဘာလို့မျက်နှာကြီးက တည်နေတာလဲ” လို့ အမြဲပြောခံရတယ်ဆိုရင် တခြားသူတွေထက်ပိုပြီး အသက်ရှည်မယ့်သူဖြစ်နေပြီဆိုတာ မှတ်ထားလိုက်ပါနော်။

Leave a Reply

Your email address will not be published. Required fields are marked *