ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ ပြောတဲ့ သူများအတွက် ပိုတွေးတဲ့ ပုဂ္ဂိုလ်က ပိုပျော်ရွှင်တယ်

မေတ္တာစိတ်နဲ့မှ အများရဲ့လုပ်ငန်းတွေမှာ လုပ်အားပေးကြမှာပါ။ အများရဲ့လုပ်ငန်းတွေမှာ ၀င်ပြီးတော့ လုပ်ကြမှာ။ အဲဒီလို အများအတွက် တွေးပြီးတော့ အများလုပ်ငန်းထဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေက အသက်ပိုရှည်တယ်။

အဲဒါလေးကို သိပ္ပံပညာ ဒီစာအုပ်ထဲမှာ ဘုန်းဘုန်း ရှင်းပြမယ် Siddhartha’s Brain ဆိုတာ သသိဒ္ဓတ္ထမင်းသားရဲ့ ဦးဏှောက်တဲ့။ ဒါလည်းပဲ သိပ္ပံပညာရှင်တစ်ဦးက တရားထိုင်ပြီးတော့ ဗုဒ္ဓတရားတော် လေ့လာပြီးတော့ သူရေးထားတာ။ စာမျက်နှာ ၁၇၉ မှာ။
It is less well known that altruistic behaviour, for example volunteering to work for a charitable organisation or giving up your seat to someone who needs it more than you do, not only improves psychological well-being but also physical health and longevity.

ဒါလေး မြန်မာပြန်ပြမယ်၊ အများအကျိုးအတွက် မျှော်လင့်တဲ့ လုပ်ရပ်တွေ ဆိုက်ကယ်စီးတယ်ဆိုရင်လည်း နောက်မှာကားလာလိမ့်မယ် သူတို့သွားရလွယ်အောင် တခြားဆိုင်ကယ်လည်း ရှိသေးတယ်၊ လမ်းလယ်ခေါင်မှာ တက်ပြီးတော့ မမောင်းဘူး။ ဘေးမှာ မောင်းတယ်။ နောက်ကလူတွေ လမ်းလိုရင် လမ်းပေးရအောင်ဆိုပြီးတော့ ဆိုင်ကယ်မှန်လေးတွေ ပါရင် ပိုကောင်းတယ်။
အဲဒီလို သူများအတွက် တွေးတဲ့ပုဂ္ဂိုလ်က သူ့အတွက်လည်း တွေးပြီးသားပဲ။ ဆိုင်ကယ်စီးမယ်ဆိုရင် မတော်တဆလဲရင် ကိုယ်မထိခိုက်အောင် ဦးထုပ်ဆောင်းတာတို့၊ ဦးထုပ်ဆောင်းတယ်ဆိုတာ အရေးကြီးတဲ့ ဦးဏှောက်ကို သူမထိဘူး အဲဒါမျိုးကာကွယ်တယ်။

အဲဒီလို အများအတွက် တွေးပြီးတော့ နေထိုင်ပြုမှုတဲ့ ပုဂ္ဂိုလ် သူ့အိမ်မှာ သူ သီချင်းဖွင့်မယ်ဆိုလဲ ဟိုဖက်က နေမကောင်းတဲ့ ရှိလား၊ ဟိုဖက်က တရားထိုင်တဲ့ လူကြီးတွေရှိတတ်လား ဟိုဖက်က ကလေးတွေ စာမေးပွဲ နီးနေလား ဒါမျိုးတွေ တွေးတတ်တယ် အများအတွက် တွေးတတ်တယ်။ အဲလိုတွေးတတ်အောင် ဒီ ပစ္စဝေက္ခဏာလေးပါးက သင်ပေးတယ်။
ပစ္စည်းလေးပါးကို အသုံးပြုတဲ့နေရာမှာ ဒီပညာရေးကို ရရင် သူများအတွက် တွေးတယ်၊ အဲလို တွေးတတ်တဲ့ အတွက်ကြောင့်မို့လို့
altrusitic behaviour သူများအတွက် တွေးတတ်တဲ့ ပုဂ္ဂိုလ်၊ ဘာသာရေးအသင်းအဖွဲ့ လူမူရေးအသင်းအဖွဲ့ ရပ်ကွက်ရေးအတွက် ရပ်ရေးရွာရေးအတွက် အဲလို ကိစ္စတွေမှာ လုပ်အားပေးတဲ့ပုဂ္ဂိုလ် အချိန်ပေးတဲ့ ပုဂ္ဂိုလ်၊

နောက်ပြီးတော့ giving up your seats to someone who needs it more than you ကားပေါ်မှာလည်းပဲ ကိုယ့်ထက်ပိုပြီးတော့ ထိုင်ခုံပိုလိုအပ်တုန်း အသက်ကြီးတဲ့ လူလား နေမကောင်းတဲ့လူလား မိခင်လောင်းတွေလား ကလေးတွေလား အဲဒါမျိုး သူတို့လိုအပ်တယ်ဆိုရင် နေရာထပေးတဲ့ ပုဂ္ဂိုလ် ကိုယ့်နေရာကို သူများပေးတယ်။
အဲဒီလို ပုဂ္ဂိုလ်တွေက စိတ်ကျန်းမာရေးတင် ကောင်းတာ မဟုတ်ဘူးတဲ့၊ ခန္ဓာကိုယ်ကျန်းမာရေးလည်း ပိုကောင်းတယ်။ အသက်လည်း ပိုရှည်တယ်။ ဒါကို သုတေသန အမျိုးမျိုးလုပ်ထားတယ်။
အနောက်တိုင်းမှာ သိပ္ပံပညာရှင်တွေက ဒါတွေကို လေ့လာတယ်။ လေ့လာပြီးတော့ ဒီစာအုပ်တွေရေးတယ်။ အဲတော့ နောက်တစ်ခုက အဲဒီလိုပုဂ္ဂိုလ်က ပိုပြီးတော့ စိတ်ပျော်ရွှင်တယ်။ စိတ်ပိုပျော်ရွှင်တဲ့ ပုဂ္ဂိုလ်က သူများအတွက် ပိုတွေးတယ်။

သူများအတွက် ပိုတွေးတဲ့ ပုဂ္ဂိုလ်က ပိုပျော်ရွှင်တယ်၊ ဆိုလိုတာက
❝သူများအတွက် တွေးတတ်တဲ့ ပုဂ္ဂိုလ်နဲ့ ပျော်ရွှင်တဲ့ပုဂ္ဂိုလ် ဒီနှစ်ယောက်က တစ်ယောက်တည်းပဲတဲ့။❞
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
“ကိုရင်လေးများအတွက် စိတ်ခံစားမှုဆိုင်ရာ လေ့ကျင့်မှုများ Emotion Management in Buddhist Novice Training (၉.၁.၂၀၁၉ ပခုက္ကူ)” တရားတော်မှ ရေးသားပူဇော်ပါသည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခွက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *