မိန္းကေလးေတြ သေဘာက်တဲ႔ ေယာက်ာ္းေလးေတြရဲ႕ ကိုယ္ရည္ကိုယ္ေသြးမ်ား

Zawgyi

အမ်ိဳးသမီးေတြရဲ့သေဘာသဘာဝက နားလည္ရေတာ္ေတာ္ကိုခက္ပါတယ္။အားလံုးနီးပါးျပည့္စံုေနတဲ့သူေတာင္ မိန္းကေလးေတြနဲ့ပတ္သက္လာရင္ သူတို့နွလံုးသားကို ဘယ္လိုသိမ္းပိုက္ရမလဲဆိုတာ ေတြးဆရခက္ေနတတ္ပါတယ္။အျမဲလိုလို ေယာက်ၤားေလးေတြကိုဆဲြေဆာင္နိုင္မယ့္ မိန္းကေလးေတြရဲ့ပံုစံကိုပဲ ေဖာ္ျပခဲ့ေတာ့ ဒီတစ္ခါမွာေတာ့ မိန္းကေလးေတြရဲ့အာရုံကို ဆဲြေဆာင္နိုင္မယ့္ပံုစံကို တစ္ျပန္ေဖာ္ျပေပးလိုက္ပါတယ္။ေဖာ္ျပထားတဲ့အခ်က္ေတြထဲက တစ္ဝက္ေလာက္ သင္ပိုင္ဆိုင္ေနရင္ကို ေျခလွမ္းတိုးဖို့လမ္းစပါပဲ။ ။

1.ေယာက်ၤားဆန္ျခင္း

ေယာက်ၤားဆန္တယ္ဆိုတဲ့ေနရာမွာ စိတ္ဓာတ္ခိုင္မာျခင္း၊ရက္ေရာေပးကမ္းျခင္း၊ျမင့္ျမတ္တဲ့စိတ္ထား၊ရဲစြမ္းသတၱိတို့နဲ့ ေပါင္းစပ္ဖဲြ့စည္းထားတဲ့ စိတ္ဓာတ္ကိုဆိုလိုတာပါ။ဒီလိုေယာက်ာၤးဆန္တဲ့စိတ္ဓာတ္နဲ့ေယာက်ၤားေလးေတြကို ဘယ္လိုဘယ္ပံုျပည့္စံုတဲ့မိန္းကေလးျဖစ္ျဖစ္ ေခါင္းမခါနိုင္ပါဘူး။

2.ဟာသညဏ္

ဟာသညဏ္ရွိတဲ့ေယာက်ၤားေလးေတြကလည္း ေအးခဲေနတဲ့မိန္းကေလးေတြကိုေတာင္ အရည္ေပ်ာ္ေစနိုင္စြမ္းရွိပါတယ္။ဒါေပမယ့္ အျမဲလိုလိုေပါေတာေတာေနတာမ်ိဳးေတာ့ မဟုတ္ဘူးေပါ့။အျမဲေပါေတာေတာေနသူကိုေတာ့ အထင္မွားနိုင္ျပီး သင္ေျပာသမ်ွစကားေတြကို သူမအယံုအၾကည္ရွိေတာ့မွာမဟုတ္ပါ။ဒါေပမယ့္ အေျခအေနအခ်ိန္အခါအလိုက္ ထုတ္သံုးတတ္တဲ့ သင့္ဟာသညဏ္ကိုေတာ့ သူမအသိအမွတ္ျပဳသေဘာက်ပါတယ္။

3.ဂရုစိုက္တတ္ျခင္းနဲ့အာရုံစိုက္တတ္ျခင္း

ဘသူမဆို မိမိကိုဂရုစိုက္တာ၊အာရုံစိုက္တာကို ခံလိုၾကပါတယ္။ထို့အတူပဲ မိန္းကေလးေတြအေနနဲ့လည္း တခ်ိန္မိမိရင္ေသြးေတြရဲ့ ဖခင္ျဖစ္လာမယ့္သူကို ဂရုစိုက္ေႏြးေထြးတတ္၊အာရုံစိုက္တတ္သူေတြကိုပဲ ေမ်ွာ္လင့္တတ္ၾကပါတယ္။

4.စိတ္ဆႏၵျပင္းျပျခင္းနဲ့မွန္ကန္တဲ့ဆံုးျဖတ္ခ်က္ခ်တတ္ျခင္း

ေဝခဲြရခက္တဲ့အေျခအေနေတြၾကားမွာ အမွန္ကန္ဆံုးဆံုးျဖတ္ခ်က္ခ်တတ္သူေတြကို သေဘာက်ၾကသလို ၾကိဳးစားခ်င္စိတ္ျပင္းျပျပီး ပန္းတိုင္ကိုမဆုတ္မနစ္နဲ့သြားေနသူေတြဟာ အမ်ိဳးသမီးေတြသေဘာက်တဲ့အရည္အေသြးပိုင္ရွင္ေတြျဖစ္ပါတယ္။

5.ရက္ေရာေပးကမ္းျခင္း

ဒီေနရာမွာ ေငြေၾကးရက္ေရာတာမ်ိဳးမဟုတ္ပဲ သူမနဲ့ပတ္သက္လာရင္ မိမိအခ်စ္ေတြကိုရက္ေရာစြာေပးကမ္းတာမ်ိဳး၊ပိုဂရုစိုက္တတ္တာမ်ိဳး၊မိမိရဲ့အခ်ိန္ေတြထဲကေန သူမအတြက္ဦးစားေပးမ်ွေဝေပးတတ္သူမ်ိဳးကို သေဘာက်ၾကပါတယ္။

6.Romantic

မိန္းကေလးေတြကို သံလိုက္ဓာတ္လိုဆဲြငင္နိုင္စြမ္းရွိဖို့ မပါမျဖစ္အခ်က္ေလးပါ။သူမကိုအခ်ိန္တိုင္း မရုိးပဲခ်စ္ေနေၾကာင္း သိသာေစတဲ့ ရင္ခုန္စရာအစီအစဥ္ေတြနဲ့ အျမဲတမ္းေဖာ္ျပေနတတ္တဲ့ Romanticဆန္တဲ့ ေယာက်ၤားေလးေတြဟာလည္း မိန္းကေလးေတြ ေခါင္းမခါနိုင္တဲ့သူမ်ိဳးေတြပါ။

7.တမူထူးျခားမွဳ

မိန္းကေလးေတြရဲ့အျမင္မွာ ဘသူနဲ့မွမတူပဲ ကဲြထြက္ေနသူမ်ိဳးကို သူတို့ရဲ့လက္တဲြေဖာ္လို့သတ္မွတ္ျပီး လြယ္လြယ္နဲ့ေခါင္းညိတ္ေလ့ရွိပါတယ္။

8.နားလည္ေပးတတ္ျခင္း

တစ္ခါတေလမွာလူတိုင္းဆီမွာ စကားတစ္ခြန္းမွမေျပာေပမယ့္၊မိမိခံစားခ်က္ေတြကိုရွွင္းမျပေပမယ့္ မိမိကိုအလိုအေလ်ာက္နားလည္ေပးနိုင္တဲ့သူမ်ိဳးကို ေတာင့္တတတ္ၾကပါတယ္။ဒါဟာ အတူျဖတ္သန္းတဲ့နွစ္ေတြၾကာေလ သိသာလာတာမ်ိဳးပါ။ဒါေပမယ့္ တစ္ခါတေလမွာ တစ္စံုတစ္ေယာက္ကို အျပင္မွာ ခဏခ်င္းဆံုလိုက္ရုံနဲ့ ဟိုးဘဝမ်ားစြာကတည္းက ရင္းနွီးေနသူလိုမ်ိဳး၊မိမိကိုနားလည္မွဳအျပည့္နဲ့ ေႏြးေထြးမွဳေပးနိုင္မယ့္သူမ်ိဳးကေတာ့ မိန္းကေလးေတြရင္ကို ဒဲ့ပါပဲ။

Unicode

အမျိုးသမီးတွေရဲ့သဘောသဘာဝက နားလည်ရတော်တော်ကိုခက်ပါတယ်။အားလုံးနီးပါးပြည့်စုံနေတဲ့သူတောင် မိန်းကလေးတွေနဲ့ပတ်သက်လာရင် သူတို့နှလုံးသားကို ဘယ်လိုသိမ်းပိုက်ရမလဲဆိုတာ တွေးဆရခက်နေတတ်ပါတယ်။အမြဲလိုလို ယောင်္ကျားလေးတွေကိုဆွဲဆောင်နိုင်မယ့် မိန်းကလေးတွေရဲ့ပုံစံကိုပဲ ဖော်ပြခဲ့တော့ ဒီတစ်ခါမှာတော့ မိန်းကလေးတွေရဲ့အာရုံကို ဆွဲဆောင်နိုင်မယ့်ပုံစံကို တစ်ပြန်ဖော်ပြပေးလိုက်ပါတယ်။ဖော်ပြထားတဲ့အချက်တွေထဲက တစ်ဝက်လောက် သင်ပိုင်ဆိုင်နေရင်ကို ခြေလှမ်းတိုးဖို့လမ်းစပါပဲ။ ။

1.ယောင်္ကျားဆန်ခြင်း

ယောင်္ကျားဆန်တယ်ဆိုတဲ့နေရာမှာ စိတ်ဓာတ်ခိုင်မာခြင်း၊ရက်ရောပေးကမ်းခြင်း၊မြင့်မြတ်တဲ့စိတ်ထား၊ရဲစွမ်းသတ္တိတို့နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ စိတ်ဓာတ်ကိုဆိုလိုတာပါ။ဒီလိုယောကျာၤးဆန်တဲ့စိတ်ဓာတ်နဲ့ယောင်္ကျားလေးတွေကို ဘယ်လိုဘယ်ပုံပြည့်စုံတဲ့မိန်းကလေးဖြစ်ဖြစ် ခေါင်းမခါနိုင်ပါဘူး။

2.ဟာသညဏ်

ဟာသညဏ်ရှိတဲ့ယောင်္ကျားလေးတွေကလည်း အေးခဲနေတဲ့မိန်းကလေးတွေကိုတောင် အရည်ပျော်စေနိုင်စွမ်းရှိပါတယ်။ဒါပေမယ့် အမြဲလိုလိုပေါတောတောနေတာမျိုးတော့ မဟုတ်ဘူးပေါ့။အမြဲပေါတောတောနေသူကိုတော့ အထင်မှားနိုင်ပြီး သင်ပြောသမျှစကားတွေကို သူမအယုံအကြည်ရှိတော့မှာမဟုတ်ပါ။ဒါပေမယ့် အခြေအနေအချိန်အခါအလိုက် ထုတ်သုံးတတ်တဲ့ သင့်ဟာသညဏ်ကိုတော့ သူမအသိအမှတ်ပြုသဘောကျပါတယ်။

3.ဂရုစိုက်တတ်ခြင်းနဲ့အာရုံစိုက်တတ်ခြင်း

ဘသူမဆို မိမိကိုဂရုစိုက်တာ၊အာရုံစိုက်တာကို ခံလိုကြပါတယ်။ထို့အတူပဲ မိန်းကလေးတွေအနေနဲ့လည်း တချိန်မိမိရင်သွေးတွေရဲ့ ဖခင်ဖြစ်လာမယ့်သူကို ဂရုစိုက်နွေးထွေးတတ်၊အာရုံစိုက်တတ်သူတွေကိုပဲ မျှော်လင့်တတ်ကြပါတယ်။

4.စိတ်ဆန္ဒပြင်းပြခြင်းနဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ချတတ်ခြင်း

ဝေခွဲရခက်တဲ့အခြေအနေတွေကြားမှာ အမှန်ကန်ဆုံးဆုံးဖြတ်ချက်ချတတ်သူတွေကို သဘောကျကြသလို ကြိုးစားချင်စိတ်ပြင်းပြပြီး ပန်းတိုင်ကိုမဆုတ်မနစ်နဲ့သွားနေသူတွေဟာ အမျိုးသမီးတွေသဘောကျတဲ့အရည်အသွေးပိုင်ရှင်တွေဖြစ်ပါတယ်။

5.ရက်ရောပေးကမ်းခြင်း

ဒီနေရာမှာ ငွေကြေးရက်ရောတာမျိုးမဟုတ်ပဲ သူမနဲ့ပတ်သက်လာရင် မိမိအချစ်တွေကိုရက်ရောစွာပေးကမ်းတာမျိုး၊ပိုဂရုစိုက်တတ်တာမျိုး၊မိမိရဲ့အချိန်တွေထဲကနေ သူမအတွက်ဦးစားပေးမျှဝေပေးတတ်သူမျိုးကို သဘောကျကြပါတယ်။

6.Romantic

မိန်းကလေးတွေကို သံလိုက်ဓာတ်လိုဆွဲငင်နိုင်စွမ်းရှိဖို့ မပါမဖြစ်အချက်လေးပါ။သူမကိုအချိန်တိုင်း မရိုးပဲချစ်နေကြောင်း သိသာစေတဲ့ ရင်ခုန်စရာအစီအစဉ်တွေနဲ့ အမြဲတမ်းဖော်ပြနေတတ်တဲ့ Romanticဆန်တဲ့ ယောင်္ကျားလေးတွေဟာလည်း မိန်းကလေးတွေ ခေါင်းမခါနိုင်တဲ့သူမျိုးတွေပါ။

7.တမူထူးခြားမှု

မိန်းကလေးတွေရဲ့အမြင်မှာ ဘသူနဲ့မှမတူပဲ ကွဲထွက်နေသူမျိုးကို သူတို့ရဲ့လက်တွဲဖော်လို့သတ်မှတ်ပြီး လွယ်လွယ်နဲ့ခေါင်းညိတ်လေ့ရှိပါတယ်။

8.နားလည်ပေးတတ်ခြင်း

တစ်ခါတလေမှာလူတိုင်းဆီမှာ စကားတစ်ခွန်းမှမပြောပေမယ့်၊မိမိခံစားချက်တွေကိုရှင်းမပြပေမယ့် မိမိကိုအလိုအလျောက်နားလည်ပေးနိုင်တဲ့သူမျိုးကို တောင့်တတတ်ကြပါတယ်။ဒါဟာ အတူဖြတ်သန်းတဲ့နှစ်တွေကြာလေ သိသာလာတာမျိုးပါ။ဒါပေမယ့် တစ်ခါတလေမှာ တစ်စုံတစ်ယောက်ကို အပြင်မှာ ခဏချင်းဆုံလိုက်ရုံနဲ့ ဟိုးဘဝများစွာကတည်းက ရင်းနှီးနေသူလိုမျိုး၊မိမိကိုနားလည်မှုအပြည့်နဲ့ နွေးထွေးမှုပေးနိုင်မယ့်သူမျိုးကတော့ မိန်းကလေးတွေရင်ကို ဒဲ့ပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *