မနက္စာအျဖစ္ မစားသင့္တဲ့ အစားအစာမ်ား

Zawgyi

မနက္စာကို ဘယ္လို အစားအစာေတြ စားေလ့ရွိပါလဲ။ တခ်ိဳ႕အစားအစာေတြက မနက္ဘက္ အစာအိမ္ထဲ အစာမရွိခ်ိန္ စားလို႔ မသင့္ေတာ္တာမ်ိဳး သတိထားစရာ ရွိပါတယ္။ ဘယ္အစားအစာေတြက မနက္စာအျဖစ္ မသင့္ေတာ္ဘူးလဲဆိုတာ ၾကည့္ရေအာင္။

တေစးနဲ႔ ေဖာက္ထားတဲ့ ဂ်ဳံအစာသြပ္မုန႔္ေတြေတြကို မနက္ႏိုးႏိုးခ်င္း ဗိုက္ထဲ ဘာအစာမွ မရွိေသးတဲ့အခ်ိန္ ဒီအတိုင္းမစားလိုက္ပါနဲ႔။ အစာအိမ္အတြင္း မ်က္ႏွာျပင္ကို ထိခိုက္ႏိုင္ၿပီး ေလပြျခင္း၊ ဝမ္းေဖာဝမ္းေရာင္ျခင္းေတြ ျဖစ္ႏိုင္လို႔ပါ။

ေနာက္ထပ္မစားသင့္တဲ့ အစာကေတာ့ အခ်ိဳမ်ားလြန္းတဲ့အစာေတြပါ။ အထူးသျဖင့္ ပန္ကရိယကေန အင္ဆူလင္ဓာတ္ေတြ အမ်ားအျပားထုတ္ရမယ့္အခ်ိဳစာေတြကို အစာအိမ္ထဲ အစာမရွိခ်ိန္ သြားစားရင္ ဆီးခ်ိဳေရာဂါျဖစ္ေအာင္ တြန္းအားေပးလိုက္သလိုပါပဲ။

ဒိန္ခ်ဥ္က က်န္းမာေရးနဲ႔ သင့္ေတာ္တဲ့ အစားအစာတခုဆိုေပမယ့္ မနက္ခင္း ဘာမွမစားရေသးခ်ိန္ သြားစားမိရင္ ဟိုက္ဒ႐ိုကလိုရစ္ အက္စစ္ေတြ ျဖစ္ေပၚေစတာပါ။ ဒီအက္စစ္ေတြက အစာအိမ္ကို အေထာက္အကူျပဳေနတဲ့ လက္တစ္အက္စစ္ ဘတ္တီးရီးယားေတြကို ေသေစႏိုင္ပါတယ္။

ခပ္ၾကမ္းၾကမ္း အမွ်င္ေတြပါဝင္တဲ့ သစ္ေတာ္သီးကလဲ မနက္ခင္းစာအျဖစ္ စားသင့္တဲ့ထဲမွာ မပါပါဘူး။ အမွ်င္ၾကမ္းေတြက အစာမရွိတဲ့ အစာအိမ္နံရံကို ထိခိုက္ေစလို႔ မစားသင့္ပါဘူး။

တန္နစ္ အက္စစ္ဓာတ္ေတြ အမ်ားအျပား ပါဝင္တဲ့ခရမ္းခ်ဥ္သီးက အစာအိမ္ထဲ အက္ဆစ္ဓာတ္ေတြ မ်ားေစပါတယ္။ ဒါဟာ အစာအိမ္ေရာဂါျဖစ္လာမယ့္ လမ္းစပါပဲ။ အခ်ဥ္ဓာတ္အရမ္းမ်ားတဲ့ အသီးေတြကို အစာမရွိခင္ မစားသင့္ပါဘူး။ အခ်ဥ္ဓာတ္ေၾကာင့္ အစာအိမ္နံရံေတြ အနာ ျဖစ္ႏိုင္ပါတယ္။

ကာဗြန္နိတ္ပါတဲ့ အခ်ိဳရည္ေတြေၾကာင့္လည္း အစာေျခစနစ္ ထိခိုက္ၿပီး ေလပြျခင္း၊ အစာမေၾကျဖစ္ႏိုင္လို႔ မနက္ ေစာေစာစီးစီး မေသာက္သုံးသင့္ပါဘူး။သခြားသီးလို အစိမ္းေရာင္ အသီးအ႐ြက္ေတြမွာ အမိုင္ႏို အက္စစ္ဓာတ္ေတြလို႔ မနက္ေစာေစာ စားမယ္ဆိုရင္ ရင္ပူရင္ဆာျဖစ္ျခင္း၊ ဝမ္းေဖာဝမ္းေရာင္ျဖစ္ျခင္းနဲ႔ ေလပြျခင္းကို ေျဖေစႏိုင္ပါတယ္။

င႐ုပ္ေကာင္း၊ နႏြင္း၊ င႐ုပ္သီးမႈန႔္ စတဲ့ ဟင္းခတ္အေမႊးအႀကိဳင္ေတြက အစာအိမ္မွာ အစာလုံးဝ မရွိတဲ့အခ်ိန္ စားမိရင္ အစာအိမ္နံရံေတြ ထိခိုက္ေစၿပီး အက္စစ္ဓာတ္ကို ပိုမ်ားေစပါတယ္။ အစာမေၾက၊ ေလထိုးေလေအာင့္ ျဖစ္ေစၿပီး အစာေျခစနစ္ကို ကေျပာင္းကျပန္ျဖစ္ေစလို႔ ဆင္ျခင္သင့္ပါတယ္။

ေရွာင္သင့္တဲ့အစားအစာေတြ သိၿပီးၿပီဆိုေတာ့ ဘယ္လိုအစားအစာမ်ိဳးေတြ မနက္ခင္း စားဖို႔ သင့္ေတာ္ပါလဲ။ ေကြကာ၊ ဆန္ျပဳတ္၊ ၾကက္ဥ၊ ဖရဲသီး၊ ဘလူးဘယ္ရီသီး၊ တေစး မပါတဲ့ ေပါင္မုန႔္အညိဳ၊ အေစ့အဆန္၊ ပ်ားရည္တို႔က မနက္စာအတြက္ အသင့္ေတာ္ဆုံးျဖစ္ပါတယ္။

Unicode

မနက်စာကို ဘယ်လို အစားအစာတွေ စားလေ့ရှိပါလဲ။ တချို့အစားအစာတွေက မနက်ဘက် အစာအိမ်ထဲ အစာမရှိချိန် စားလို့ မသင့်တော်တာမျိုး သတိထားစရာ ရှိပါတယ်။ ဘယ်အစားအစာတွေက မနက်စာအဖြစ် မသင့်တော်ဘူးလဲဆိုတာ ကြည့်ရအောင်။

တစေးနဲ့ ဖောက်ထားတဲ့ ဂျုံအစာသွပ်မုန့်တွေတွေကို မနက်နိုးနိုးချင်း ဗိုက်ထဲ ဘာအစာမှ မရှိသေးတဲ့အချိန် ဒီအတိုင်းမစားလိုက်ပါနဲ့။ အစာအိမ်အတွင်း မျက်နှာပြင်ကို ထိခိုက်နိုင်ပြီး လေပွခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်းတွေ ဖြစ်နိုင်လို့ပါ။

နောက်ထပ်မစားသင့်တဲ့ အစာကတော့ အချိုများလွန်းတဲ့အစာတွေပါ။ အထူးသဖြင့် ပန်ကရိယကနေ အင်ဆူလင်ဓာတ်တွေ အများအပြားထုတ်ရမယ့်အချိုစာတွေကို အစာအိမ်ထဲ အစာမရှိချိန် သွားစားရင် ဆီးချိုရောဂါဖြစ်အောင် တွန်းအားပေးလိုက်သလိုပါပဲ။

ဒိန်ချဉ်က ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစားအစာတခုဆိုပေမယ့် မနက်ခင်း ဘာမှမစားရသေးချိန် သွားစားမိရင် ဟိုက်ဒရိုကလိုရစ် အက်စစ်တွေ ဖြစ်ပေါ်စေတာပါ။ ဒီအက်စစ်တွေက အစာအိမ်ကို အထောက်အကူပြုနေတဲ့ လက်တစ်အက်စစ် ဘတ်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

ခပ်ကြမ်းကြမ်း အမျှင်တွေပါဝင်တဲ့ သစ်တော်သီးကလဲ မနက်ခင်းစာအဖြစ် စားသင့်တဲ့ထဲမှာ မပါပါဘူး။ အမျှင်ကြမ်းတွေက အစာမရှိတဲ့ အစာအိမ်နံရံကို ထိခိုက်စေလို့ မစားသင့်ပါဘူး။

တန်နစ် အက်စစ်ဓာတ်တွေ အများအပြား ပါဝင်တဲ့ခရမ်းချဉ်သီးက အစာအိမ်ထဲ အက်ဆစ်ဓာတ်တွေ များစေပါတယ်။ ဒါဟာ အစာအိမ်ရောဂါဖြစ်လာမယ့် လမ်းစပါပဲ။ အချဉ်ဓာတ်အရမ်းများတဲ့ အသီးတွေကို အစာမရှိခင် မစားသင့်ပါဘူး။ အချဉ်ဓာတ်ကြောင့် အစာအိမ်နံရံတွေ အနာ ဖြစ်နိုင်ပါတယ်။

ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေကြောင့်လည်း အစာခြေစနစ် ထိခိုက်ပြီး လေပွခြင်း၊ အစာမကြေဖြစ်နိုင်လို့ မနက် စောစောစီးစီး မသောက်သုံးသင့်ပါဘူး။သခွားသီးလို အစိမ်းရောင် အသီးအရွက်တွေမှာ အမိုင်နို အက်စစ်ဓာတ်တွေလို့ မနက်စောစော စားမယ်ဆိုရင် ရင်ပူရင်ဆာဖြစ်ခြင်း၊ ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်းနဲ့ လေပွခြင်းကို ဖြေစေနိုင်ပါတယ်။

ငရုပ်ကောင်း၊ နနွင်း၊ ငရုပ်သီးမှုန့် စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက အစာအိမ်မှာ အစာလုံးဝ မရှိတဲ့အချိန် စားမိရင် အစာအိမ်နံရံတွေ ထိခိုက်စေပြီး အက်စစ်ဓာတ်ကို ပိုများစေပါတယ်။ အစာမကြေ၊ လေထိုးလေအောင့် ဖြစ်စေပြီး အစာခြေစနစ်ကို ကပြောင်းကပြန်ဖြစ်စေလို့ ဆင်ခြင်သင့်ပါတယ်။

ရှောင်သင့်တဲ့အစားအစာတွေ သိပြီးပြီဆိုတော့ ဘယ်လိုအစားအစာမျိုးတွေ မနက်ခင်း စားဖို့ သင့်တော်ပါလဲ။ ကွေကာ၊ ဆန်ပြုတ်၊ ကြက်ဥ၊ ဖရဲသီး၊ ဘလူးဘယ်ရီသီး၊ တစေး မပါတဲ့ ပေါင်မုန့်အညို၊ အစေ့အဆန်၊ ပျားရည်တို့က မနက်စာအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *