ေက်ာင္းသားအရြယ္ လူငယ္ေတြ ဘာေၾကာင့္ ခရီးသြားသင့္သလဲ

Zawgyi

ေက်ာင္းသား လူငယ္ေတြအေနနဲ႔ ေက်ာင္းစာသင္ရင္း ေက်ာင္းစာအျပင္ ျပင္ပ ဗဟုသုတ၊ ေဒသႏၲာရ ဗဟုသုတ အေတြ႕အႀကဳံေတြရေအာင္ ခရီးသြားလည္း သြားသင့္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ေက်ာင္းသား လူငယ္ေတြ ခရီးသြားရင္ ရႏိုင္တဲ့ အက်ိဳးေက်းဇူးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ယဥ္ေက်းမႈ

ေက်ာင္းသား လူငယ္ေတြအေနနဲ႔ ခရီးထြက္တဲ့အခါမွာဆိုရင္ ျပင္ပကမာၻႀကီးနဲ႔ ပိုမိုထိေတြ႕ ဆက္ဆံခြင့္ ရပါတယ္။ ဒီအခ်က္ဟာ လူေတြ ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ လူမႈျပႆနာေတြကို ထိေတြ႕ႏိုင္ဖို႔ အခြင့္အေရးျဖစ္သလို မတူကြဲျပားတဲ့ ယဥ္ေက်းမႈေတြကို ေလ့လာႏိုင္ဖို႔ နည္းလမ္းေကာင္းပါပဲ။

(၂) ယုံၾကည္မႈ

ေနအိမ္ထဲကေန ထြက္ၿပီး ခရီးသြားတဲ့အခါမွာ ေက်ာင္းသား လူငယ္ေတြအဖို႔ကေတာ့ စိန္ေခၚမႈ အမ်ိဳးမ်ိဳးကိုရင္ဆိုင္ရမွာျဖစ္သလို ကိုယ့္ကိုယ္ကို ယုံၾကည္စိတ္လည္း ပိုမိုတိုးတက္လာမွာ ျဖစ္ပါတယ္။

(၃) အင္တာနက္

အုပ္စုနဲ႔ပဲျဖစ္ျဖစ္ Program တခုကေနပဲျဖစ္ျဖစ္ ႏိုင္ငံတကာကို ခရီးသြားရတဲ့ ေက်ာင္းသား လူငယ္ေတြအဖို႔ အဓိက အားထားစရာဟာ အင္တာနက္ပါ။ အင္တာနက္က လမ္းၫႊန္ေတြကို ၾကည့္ျခင္းအားျဖင့္ ကိုယ္လိုရာခရီးကို အလြယ္တကူ သြားေရာက္ႏိုင္မွာ ျဖစ္တဲ့အတြက္ အင္တာနက္ကို ကြၽမ္းကြၽမ္းက်င္က်င္ အသုံးျပဳႏိုင္ျခင္းကလည္း ခရီးထြက္တဲ့ ေက်ာင္းသား လူငယ္ေတြအဖို႔ အေရးပါပါတယ္။

(၄) အေတြးအျမင္

ခရီးထြက္တဲ့ ေက်ာင္းသာ လူငယ္ေတြ အဖို႔ကေတာ့ ျမင္ရသမွ်အရာရာဟာ အထူးအဆန္း ျဖစ္ေနမွာပါပဲ။ ႀကဳံရသမွ် အရာရာကို ေမးခြန္းထုတ္လာပါလိမ့္မယ္။ ဒါဟာ ေကာင္းမြန္တဲ့ကိစၥတရပ္ပါ။ ဒီအေျခအေနေတြကေန တဆင့္ မတူကြဲျပားတဲ့ အေတြးအျမင္ေတြကို ရရွိလာပါလိမ့္မယ္။

(၅) တိုးတက္မႈနဲ႔လြတ္လပ္မႈ

ခရီးသြားျခင္းဟာ လြတ္လပ္မႈတခုျဖစ္ၿပီး ကိုယ္ဘာလုပ္ႏိုင္သလဲဆိုတာ ကိုယ့္ကိုယ္ကို ျပန္သိေစႏိုင္ပါတယ္။ သူတပါး အကူအညီ သိပ္မဝင္ေတာ့တဲ့အတြက္ လြတ္လပ္သလို ကိုယ့္ကိုယ္ကို ပိုမို တိုးတက္လာေစပါလိမ့္မယ္။

(၆) သူငယ္ခ်င္းအသစ္မ်ား

ခရီးသြားျခင္းဟာ ဆက္ဆံေရး အသစ္တခုကို ထူေထာင္တာျဖစ္သလို ဘာသာစကား အတားအဆီးကို ေက်ာ္ျဖတ္ရတာပါ။ မတူညီတဲ့ ဘာသာစကား အသီးသီးနဲ႔ မိတ္ေဆြ သူငယ္ခ်င္းေတြကို ထိေတြ႕ ဆက္ဆံရမွာျဖစ္တဲ့အတြက္ ခရီးထြက္တဲ့ ေက်ာင္းသား လူငယ္ေတြအဖို႔ေတာ့ ခင္မင္စရာ သူငယ္ခ်င္းေတြ ထပ္ၿပီး တိုးလာပါလိမ့္မယ္။

Unicode

ကျောင်းသား လူငယ်တွေအနေနဲ့ ကျောင်းစာသင်ရင်း ကျောင်းစာအပြင် ပြင်ပ ဗဟုသုတ၊ ဒေသန္တာရ ဗဟုသုတ အတွေ့အကြုံတွေရအောင် ခရီးသွားလည်း သွားသင့်ပါတယ်။ ဒါကြောင့်မို့လို့ ကျောင်းသား လူငယ်တွေ ခရီးသွားရင် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ယဉ်ကျေးမှု

ကျောင်းသား လူငယ်တွေအနေနဲ့ ခရီးထွက်တဲ့အခါမှာဆိုရင် ပြင်ပကမ္ဘာကြီးနဲ့ ပိုမိုထိတွေ့ ဆက်ဆံခွင့် ရပါတယ်။ ဒီအချက်ဟာ လူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူမှုပြဿနာတွေကို ထိတွေ့နိုင်ဖို့ အခွင့်အရေးဖြစ်သလို မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို လေ့လာနိုင်ဖို့ နည်းလမ်းကောင်းပါပဲ။

(၂) ယုံကြည်မှု

နေအိမ်ထဲကနေ ထွက်ပြီး ခရီးသွားတဲ့အခါမှာ ကျောင်းသား လူငယ်တွေအဖို့ကတော့ စိန်ခေါ်မှု အမျိုးမျိုးကိုရင်ဆိုင်ရမှာဖြစ်သလို ကိုယ့်ကိုယ်ကို ယုံကြည်စိတ်လည်း ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်။

(၃) အင်တာနက်

အုပ်စုနဲ့ပဲဖြစ်ဖြစ် Program တခုကနေပဲဖြစ်ဖြစ် နိုင်ငံတကာကို ခရီးသွားရတဲ့ ကျောင်းသား လူငယ်တွေအဖို့ အဓိက အားထားစရာဟာ အင်တာနက်ပါ။ အင်တာနက်က လမ်းညွှန်တွေကို ကြည့်ခြင်းအားဖြင့် ကိုယ်လိုရာခရီးကို အလွယ်တကူ သွားရောက်နိုင်မှာ ဖြစ်တဲ့အတွက် အင်တာနက်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ခြင်းကလည်း ခရီးထွက်တဲ့ ကျောင်းသား လူငယ်တွေအဖို့ အရေးပါပါတယ်။

(၄) အတွေးအမြင်

ခရီးထွက်တဲ့ ကျောင်းသာ လူငယ်တွေ အဖို့ကတော့ မြင်ရသမျှအရာရာဟာ အထူးအဆန်း ဖြစ်နေမှာပါပဲ။ ကြုံရသမျှ အရာရာကို မေးခွန်းထုတ်လာပါလိမ့်မယ်။ ဒါဟာ ကောင်းမွန်တဲ့ကိစ္စတရပ်ပါ။ ဒီအခြေအနေတွေကနေ တဆင့် မတူကွဲပြားတဲ့ အတွေးအမြင်တွေကို ရရှိလာပါလိမ့်မယ်။

(၅) တိုးတက်မှုနဲ့လွတ်လပ်မှု

ခရီးသွားခြင်းဟာ လွတ်လပ်မှုတခုဖြစ်ပြီး ကိုယ်ဘာလုပ်နိုင်သလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်သိစေနိုင်ပါတယ်။ သူတပါး အကူအညီ သိပ်မဝင်တော့တဲ့အတွက် လွတ်လပ်သလို ကိုယ့်ကိုယ်ကို ပိုမို တိုးတက်လာစေပါလိမ့်မယ်။

(၆) သူငယ်ချင်းအသစ်များ

ခရီးသွားခြင်းဟာ ဆက်ဆံရေး အသစ်တခုကို ထူထောင်တာဖြစ်သလို ဘာသာစကား အတားအဆီးကို ကျော်ဖြတ်ရတာပါ။ မတူညီတဲ့ ဘာသာစကား အသီးသီးနဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ထိတွေ့ ဆက်ဆံရမှာဖြစ်တဲ့အတွက် ခရီးထွက်တဲ့ ကျောင်းသား လူငယ်တွေအဖို့တော့ ခင်မင်စရာ သူငယ်ချင်းတွေ ထပ်ပြီး တိုးလာပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *