လမကုန္ခင္ရက္ထဲက သံုးစရာမရွိေတာ့တာမ်ိဳးမျဖစ္ေအာင္ ဆင္ျခင္ရမယ့္အခ်က္သံုးခ်က္

Zawgyi

အခုေနာက္ပိုင္း အလုပ္လုပ္ၾကတဲ့သူေတာ္ေတာ္မ်ားမ်ားက ျပတ္တုန္းလပ္တုန္း ၂၃ မဟုတ္ေတာ့ပါဘူး။ လကုန္ၿပီး တစ္ပတ္၊ ႏွစ္ပတ္ေလာက္ဆို သံုးစရာကိုမရွိေတာ့တာမ်ိဳး ျဖစ္ေနၾကတာေတြ႔ရပါတယ္။ ဒီလိုဆိုရင္ေတာ့ ကိုယ္ရွာတဲ့ပိုက္ဆံက ဘာမွအဖတ္မတင္ပဲ ရွာလိုက္ သံုးလိုက္နဲ႔ ကုန္ေနမွာပါ။ ပိုက္ဆံကို စနစ္တက်စီမံတတ္ဖို႔က အရမ္းအေရးႀကီးပါတယ္။

ဒါေၾကာင့္ လမကုန္ခင္ရက္ထဲက သံုးစရာမရွိေတာ့တာမ်ိဳးမျဖစ္ေအာင္ ဆင္ျခင္ရမယ့္အခ်က္ သံုးခ်က္ကို ေျပာျပေပးလိုက္ပါတယ္။

ပိုက္ဆံကိုစီမံပိုင္းျခားလိုက္ပါ။

လစာထုတ္လာၿပီဆိုတာနဲ႔ ပိုက္ဆံကို တစ္ခုခ်င္းစီခဲြလိုက္ပါ။ ဥပမာ လစာ ၂ သိန္းခဲြရရင္ အိမ္ကို တစ္သိန္းခဲြေပးၿပီး ၅ ေသာင္းကိုစုပါ။ က်န္တဲ့ ၅ ေသာင္းကို ကိုယ္သံုးဖို႔ဖယ္ထားပါ။ တကယ္လို႔ အိမ္ကို တစ္သိန္းပဲေပးမယ္ဆိုရင္လည္း တစ္သိန္းစုၿပီး ကိုယ္က ၅ ေသာင္းပဲသံုးပါ။ ကိုယ့္အတြက္ ၅ ေသာင္းထဲကပဲ လမ္းစရိတ္နဲ႔ မုန္႔စားဖို႔ ဖယ္လိုက္ပါ။ တကယ္ေတာ့ ဝယ္ေနလို႔သာ ပိုက္ဆံမေလာက္တာပါ။ ေသခ်ာစည္းစနစ္နဲ႔ လုပ္မယ္ဆိုရင္ ေလာက္ပါတယ္။ ေလာက္ေအာင္ ေခၽြတာသံုးတတ္ရင္ သူမ်ားဆီကလည္းေခ်းစရာမလိုပါဘူး။ လမကုန္ခင္မွာလည္း ပိုက္ဆံမျပတ္ေတာ့ပါဘူး။

ခဏခဏဝယ္တတ္တဲ့အက်င့္ကို ေဖ်ာက္ပါ။

မိန္းကေလးေတာ္ေတာ္မ်ားမ်ားက လက္ထဲပိုက္ဆံရွိၿပီဆိုတာနဲ႔ ဝယ္ခ်င္သံုးခ်င္ၾကတာမ်ားပါတယ္။ အြန္လိုင္းေရွာ့ပင္းေတြကလည္း မိႈလိုေပါက္ေနတာဆိုေတာ့ ဒါေလးလွလို႔ ဝယ္လိုက္၊ ဟိုဟာေလးလွလို႔ မွာလိုက္နဲ႔ ပိုက္ဆံက ဘယ္ေတာ့မွေလာက္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ တစ္ခုခုကိုဝယ္ေတာ့မယ္ဆိုရင္ လိုခ်င္တာလား၊ လိုအပ္တာလားဆိုတာကို စဥ္းစားပါ။

လိုအပ္ေနတာဆိုရင္ ဝယ္လိုက္ပါ။ လိုခ်င္တာဆုိရင္ေတာ့ မဝယ္ပါနဲ႔။ အဝတ္အစားအသံုးအေဆာင္ေတြဆိုတာ ႏွစ္လတစ္ခါေလာက္ဝယ္ရင္ ရေနပါၿပီ။ Cosmetics ေတြဆိုလည္း ကိုယ့္မွာရွိၿပီးသားေတြကို ထပ္မဝယ္ပါနဲ႔။ ႏႈတ္ခမ္းနီဆိုလည္း အေရာင္ ၂ ေရာင္၊ ၃ ေရာင္ေလာက္ရွိရင္ ရေနပါၿပီ။ အကုန္လံုးသာလိုက္ဝယ္ေနရင္ ပိုက္ဆံက ၁၀ သိန္းရေတာင္ ေလာက္မွာမဟုတ္ဘူးေနာ္။

ေပ်ာ္ပါးေသာက္စားတာေတြကို ေလ်ာ့ပစ္ပါ။

မိန္းကေလးပဲျဖစ္ျဖစ္၊ ေယာက်္ားေလးပဲျဖစ္ျဖစ္ အေပ်ာ္အပါးအေသာက္အစားေတြကို ေလ်ာ့မွျဖစ္မွာပါ။ ကလပ္သြားတာ၊ ဘားသြားတာေတြကိုလည္း ေလ်ာ့ပါ။ သြားေနက်မို႔ သြားခ်င္ပါတယ္ဆိုရင္ေတာင္ ၂ လ တစ္ခါေလာက္ပဲ သြားပါလို႔ေျပာခ်င္ပါတယ္။ သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္သြားတာ၊ မုန္႔သြားစားတာေတြကလည္း ပိုက္ဆံအရမ္းကုန္ပါတယ္။

အၿမဲတမ္းမသြားပဲ ၂ ပတ္ျခားတစ္ခါေလာက္ပဲ သြားတာပိုေကာင္းပါတယ္။ သြားရင္လည္း နာမည္ႀကီးဆိုင္ေတြ ေစ်းႀကီးတဲ့ဆိုင္ေတြထက္ ေစ်းႏႈန္းသင့္တင့္ၿပီး စားေကာင္းတဲ့ဆိုင္ေတြအမ်ားႀကီးပါ။ ဒီလိုဆိုင္ေတြကိုပဲ သြားမယ္ဆိုရင္ေတာ့ ေငြကုန္သက္သာေစမွာပါ။

လမကုန္ခင္ထဲက သံုးစရာမရွိေတာ့တာမ်ိဳးမျဖစ္ရေအာင္၊ လကုန္တဲ့ရက္ထိ ပိုက္ဆံျပတ္မသြားေအာင္ ဒီအခ်က္ သံုးခ်က္ကိုပဲ ဆင္ျခင္ေပးဖို႔လိုပါတယ္။

Unicode

အခုနောက်ပိုင်း အလုပ်လုပ်ကြတဲ့သူတော်တော်များများက ပြတ်တုန်းလပ်တုန်း ၂၃ မဟုတ်တော့ပါဘူး။ လကုန်ပြီး တစ်ပတ်၊ နှစ်ပတ်လောက်ဆို သုံးစရာကိုမရှိတော့တာမျိုး ဖြစ်နေကြတာတွေ့ရပါတယ်။ ဒီလိုဆိုရင်တော့ ကိုယ်ရှာတဲ့ပိုက်ဆံက ဘာမှအဖတ်မတင်ပဲ ရှာလိုက် သုံးလိုက်နဲ့ ကုန်နေမှာပါ။ ပိုက်ဆံကို စနစ်တကျစီမံတတ်ဖို့က အရမ်းအရေးကြီးပါတယ်။

ဒါကြောင့် လမကုန်ခင်ရက်ထဲက သုံးစရာမရှိတော့တာမျိုးမဖြစ်အောင် ဆင်ခြင်ရမယ့်အချက် သုံးချက်ကို ပြောပြပေးလိုက်ပါတယ်။

ပိုက်ဆံကိုစီမံပိုင်းခြားလိုက်ပါ။

လစာထုတ်လာပြီဆိုတာနဲ့ ပိုက်ဆံကို တစ်ခုချင်းစီခွဲလိုက်ပါ။ ဥပမာ လစာ ၂ သိန်းခွဲရရင် အိမ်ကို တစ်သိန်းခွဲပေးပြီး ၅ သောင်းကိုစုပါ။ ကျန်တဲ့ ၅ သောင်းကို ကိုယ်သုံးဖို့ဖယ်ထားပါ။ တကယ်လို့ အိမ်ကို တစ်သိန်းပဲပေးမယ်ဆိုရင်လည်း တစ်သိန်းစုပြီး ကိုယ်က ၅ သောင်းပဲသုံးပါ။ ကိုယ့်အတွက် ၅ သောင်းထဲကပဲ လမ်းစရိတ်နဲ့ မုန့်စားဖို့ ဖယ်လိုက်ပါ။ တကယ်တော့ ဝယ်နေလို့သာ ပိုက်ဆံမလောက်တာပါ။ သေချာစည်းစနစ်နဲ့ လုပ်မယ်ဆိုရင် လောက်ပါတယ်။ လောက်အောင် ချွေတာသုံးတတ်ရင် သူများဆီကလည်းချေးစရာမလိုပါဘူး။ လမကုန်ခင်မှာလည်း ပိုက်ဆံမပြတ်တော့ပါဘူး။

ခဏခဏဝယ်တတ်တဲ့အကျင့်ကို ဖျောက်ပါ။

မိန်းကလေးတော်တော်များများက လက်ထဲပိုက်ဆံရှိပြီဆိုတာနဲ့ ဝယ်ချင်သုံးချင်ကြတာများပါတယ်။ အွန်လိုင်းရှော့ပင်းတွေကလည်း မှိုလိုပေါက်နေတာဆိုတော့ ဒါလေးလှလို့ ဝယ်လိုက်၊ ဟိုဟာလေးလှလို့ မှာလိုက်နဲ့ ပိုက်ဆံက ဘယ်တော့မှလောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်ခုခုကိုဝယ်တော့မယ်ဆိုရင် လိုချင်တာလား၊ လိုအပ်တာလားဆိုတာကို စဉ်းစားပါ။

လိုအပ်နေတာဆိုရင် ဝယ်လိုက်ပါ။ လိုချင်တာဆိုရင်တော့ မဝယ်ပါနဲ့။ အဝတ်အစားအသုံးအဆောင်တွေဆိုတာ နှစ်လတစ်ခါလောက်ဝယ်ရင် ရနေပါပြီ။ Cosmetics တွေဆိုလည်း ကိုယ့်မှာရှိပြီးသားတွေကို ထပ်မဝယ်ပါနဲ့။ နှုတ်ခမ်းနီဆိုလည်း အရောင် ၂ ရောင်၊ ၃ ရောင်လောက်ရှိရင် ရနေပါပြီ။ အကုန်လုံးသာလိုက်ဝယ်နေရင် ပိုက်ဆံက ၁၀ သိန်းရတောင် လောက်မှာမဟုတ်ဘူးနော်။

ပျော်ပါးသောက်စားတာတွေကို လျော့ပစ်ပါ။

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျ်ားလေးပဲဖြစ်ဖြစ် အပျော်အပါးအသောက်အစားတွေကို လျော့မှဖြစ်မှာပါ။ ကလပ်သွားတာ၊ ဘားသွားတာတွေကိုလည်း လျော့ပါ။ သွားနေကျမို့ သွားချင်ပါတယ်ဆိုရင်တောင် ၂ လ တစ်ခါလောက်ပဲ သွားပါလို့ပြောချင်ပါတယ်။ သူငယ်ချင်းတွေနဲ့ လျှောက်သွားတာ၊ မုန့်သွားစားတာတွေကလည်း ပိုက်ဆံအရမ်းကုန်ပါတယ်။

အမြဲတမ်းမသွားပဲ ၂ ပတ်ခြားတစ်ခါလောက်ပဲ သွားတာပိုကောင်းပါတယ်။ သွားရင်လည်း နာမည်ကြီးဆိုင်တွေ ဈေးကြီးတဲ့ဆိုင်တွေထက် ဈေးနှုန်းသင့်တင့်ပြီး စားကောင်းတဲ့ဆိုင်တွေအများကြီးပါ။ ဒီလိုဆိုင်တွေကိုပဲ သွားမယ်ဆိုရင်တော့ ငွေကုန်သက်သာစေမှာပါ။

လမကုန်ခင်ထဲက သုံးစရာမရှိတော့တာမျိုးမဖြစ်ရအောင်၊ လကုန်တဲ့ရက်ထိ ပိုက်ဆံပြတ်မသွားအောင် ဒီအချက် သုံးချက်ကိုပဲ ဆင်ခြင်ပေးဖို့လိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *