ကော်ဖီကြိုက်သူတွေ သိထားသင့်တဲ့ စိတ်ဝင်စားစရာအကြောင်းရာများ
Zawgyi
၁- ကော်ဖီသောက်ချိန်
၂- ဆေးဝါး နှင့် ကော်ဖီ
၎- ကော်ဖီမှုန့်
Unicode
သင်သာ မနက်ခင်းတိုင်း ကေ်ာဖီသောက်သူတစ်ယောက်ဆိုရင် ကမ္ဘာပေါ်က ကော်ဖီဖန်ထဲမှာ သင်လဲတစ်ယောက်အပါဝင်ဖြစ်ပါတယ်။ ကော်ဖီက ဘယ်လောက်လူကြိုက်များလဲ ဆိုရင် နေ့စဉ်နေ့တိုင်းမှာ ကော်ဖီ ခွက်ရေပေါင်း ၂.၂၅ သန်း သောက်သုံးခြင်းခံနေရတာဖြစ်ပါတယ်။ ဒါကြောင့် လူကြိုက်အများဆုံးသောက်စရာတစ်ခုမှာ ရှိနေတဲ့စိတ်ဝင်စားစရာအချက်တွေကို တင်ဆက်ပေးချင်ပါတယ်။
၁- ကော်ဖီသောက်ချိန်
တက်ကြွလန်းဆန်းဖို့အတွက် ကော်ဖီသောက်သူတစ်ယောက်ဆိုရင် မှန်ကန်တဲ့ ကော်ဖီသောက်ချိန်ကို သိထားသင့်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်မှာရှိနေတဲ့ ကိုလက်စထော လယ်ဗယ် အလိုက် အချိန်ကိုသတ်မှတ်ထားသင့်တာပါ။ လူအများစုကတော့ မနက် ၈ နာရီကနေ ၉ နာရီ အတွင်း ကိုလက်စထော လယ်ဗယ် မြင့်နေတတ်ပါတယ်။ နောက်တစ်ချိန်ကတော့ နေ့ခင်း ၁၂ ကနေ ၁ နာရီအတွင်းဖြစ်ပါတယ်။ နောက်ဆုံး တစ်ချိန်က ညနေ ၅ နာရီခွဲ နဲ့ ၆ နာရီခွဲဖြစ်ပါတယ်။ ကော်ဖီကို သင်စမောပန်းလာပြီထင်တဲ့အချိန်မှာသောက်သုံးသင့်ပါတယ်။ ညဘက်ကောင်းကောင်းအိပ်ပျော်ချင်ရင်တော့ ကော်ဖီမသောက်သင့်ပါဘူး။
၂- ဆေးဝါး နှင့် ကော်ဖီ
သိပ္ပံပညာရှင်တွေ တွေ့ရှိထားတာက ကော်ဖီနဲ့ နာကျင်ကိုက်ခဲမူပျောက်ဆေး တွေ တွေ့တဲ့အခါ သူတို့ရဲ့ အကျိုးသက်ရောက်မူတွေ ပိုတိုးလာတယ်လို့ဖော်ပြထားပါတယ်။
၃-သက်ရောက်မူ အချိန်အတိုင်းတာ
မနက် ၉ နာရီ ကနေ နေ့လယ် ၁ နာရီအတွင်း ကော်ဖီသောက်တဲ့အခါ သင့်ရဲ့ဖွဲ့စည်းမူစနစ်တွေမှာ ကော်ဖီ ၁၀၀ မီလီဂရမ်မျှသာ ကျန်ရှိနေပါလိမ့်မယ်။ ဒါပေမယ့် ညနေ ၃ နာရီ မှာကော်ဖီသောက်တဲ့အခါ သင့်ကို ညဘက်ထိ လန်းဆန်းနေစေပါလိမ့်မယ်။
၄- ကော်ဖီမှုန့်
ကော်ဖီစေ့ကိုကြိတ်လိုက်တဲ့အခါ အမှုန့်ဖြစ်သွားတဲ့ကော်ဖီမှုန့်တွေကို ၁၅ မိနစ်ထက်ပိုမထားရပါဘူး။ ၁၅ မိနစ်အတွင်းမှာ ဖျော်သောက်ပေးသင့်ပါတယ်။ ၁၅ မိနစ်ထက်ကျော်သွားရင်တော့ အနံ့၊အရသာ ပြောင်းသွားပြီး ဘယ်ကော်ဖီအမျိုးစားလဲဆိုတာကိုတောင် ခွဲခြား နိုင်တော့မှာ မဟုတ်ပါဘူး။
၅- ကော်ဖီဘယ်လို ထုတ်လုပ်လဲ
ကော်ဖီ ၂ ပေါင်ထုတ်လုပ်ဖို့ ကော်ဖီပင် ၂ ပင်က အစေ့တွေကို ခူးယူရမှာပါ။ ကော်ဖီပင် တစ်ပင်ဖြစ်ဖို့ ၊ ကော်ဖီစေ့ယူနိုင်တဲ့အရွယ်ရောက်ဖို့အတွက် ၃ နှစ်ခန့်ကြာမှာဖြစ်ပါတယ်။
၆- ကော်ဖီးများစွာသောက်ခြင်းက ဝိတ်တက်
ကော်ဖီမှာ သကြားနဲ့အချို့ဓာတ်တွေ ပေါင်းပေးနိုင်တဲ့ ကိုလက်စထောဟော်မုန်းတွေပါဝင်ပါတယ်။ ကဖိန်းဓာတ်ဟာ အိပ်စက်ခြင်းစက်ဝန်း ကိုလဲအနှောက်ယှက်ဖြစ်စေတာကြောင့် ကော်ဖီသောက်ပြီးတဲ့ နောက်တစ်နေ့တွေမှာ အင်အားနည်းနေသလို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် နောက်ထပ်စားချင်စိတ် ကိုလဲ ပိုတိုးစေပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *