အသားျဖဴရန္ အသံုးျပဳသင့္သည့္ သဘာ၀အသားျဖဴနည္းတစ္နည္း

Zawgyi

ျပစ္မ်ိဳးမွဲ႔မထင္ျဖဴစင္တဲ့အသားအေရဟာ အမ်ားစုလိုခ်င္ၾကတဲ့ ဆႏၵတစ္ခုပါပဲ။ အသားျဖဴခရင္ေတြ၊ လိုးရွင္းေတြဟာလည္း ေစ်းကြက္တခြင္မွာ ပလူပ်ံေနပါတယ္။ ဒါေပမယ့္ ထိုအရာေတြမွာ အေရျပားကိုထိခိုက္ေစနိုင္တဲ့ ဓာတုပစၥည္းေတြပါေနနုိင္ပါတယ္။ ျပီးေတာ့ အကုန္အက်လည္းမ်ားေသးတယ္မို႔လား။ ကၽြမ္းက်င္သူေတြက အသားျဖဴရန္ အသံုးျပဳသင့္သည့္ သဘာ၀အသားျဖဴနည္းတစ္နည္း အၾကံေပးထားပါတယ္။

ထိုနည္းကိုၾကည့္လိုက္ရေအာင္-

သဘာ၀ပစၥည္းမ်ားကိုအသံုးျပဳေသာ အသားအေရထိန္းသိမ္းေစာင့္ေရွာက္သည့္နည္းျဖစ္တယ္။ အသင့္ေတာ္ဆံုး၊ အေကာင္းဆံုး အသားအေရေစာင့္ေရွာက္သည့္ပစၥည္းမ်ားသံုးရံုတင္မကပဲ သင့္က်န္းမာေရးအတြက္ စားေသာက္ပံုစံ၊ အမူအက်င့္ေတြပါ ထည့္သြင္းစဥ္းစားေသာနည္းျဖစ္တယ္။

သင့္ေနစဥ္လႈပ္ရွားလုပ္ကိုင္ပံုေတြမွာ သင့္မ်က္နွာမွာအမည္းစက္ေတြျဖစ္ေစေသာ အေၾကာင္းအရင္းေတြပါေကာင္းပါေနနုိင္ပါတယ္။ ေဆးလိပ္ေသာက္ျခင္းဟာ အသားအေရက်န္းမာေရးအတြက္ ရန္သူအၾကီးၾကီးျဖစ္တယ္။ အေရျပားေျခာက္ေသြ႔မည္းညစ္ေစပါတယ္။ အေရးေၾကာင္းေတြလ်င္ျမန္စြာျဖစ္ေစနုိင္ျပီး အစက္အေျပာက္မ်ားလည္းျဖစ္ေပၚေစတယ္။

ဒိန္ခ်ဥ္

နို႔ထြက္ပစၥည္းဒိန္ခ်ဥ္ဟာ အေရျပားအတြက္ေကာင္းေသာ ပစၥည္းအမ်ားအျပားပါပါတယ္။ အေရာင္ခၽြတ္နို္င္ေသာ lactic acid လည္းပါတယ္။

လိေမၼာ္သီး

အသားအေရေစာင့္ေရွာက္ဖို႔ အေရးၾကီးဆံုးပစၥည္းက ဗီတာမင္-စီျဖစ္တယ္။ လိေမၼာ္သီးေတြမွာ ျကြယ္၀စြာ ပါပါတယ္။ ဒါ့့အျပင္ လိေမၼာ္သီးေတြမွာ သင့္အသားအေရ၀င္းေစေသာ အေရာင္ခၽြတ္သတၲိလည္း ပါတယ္။ လတ္ဆတ္ေသာလိေမၼာ္သီး ပံုမွန္စားေပးျခင္းဟာ အသားအေရကိုေကာင္းစြာအေထာက္အပ့ံေပးနုိင္ျပီး ေခ်ာေမြ႔ေစပါတယ္။

ကုလားပဲမႈန္႔

ကုလားပဲမႈန္႔ဟာ အသားျဖဴလိုသူမ်ားအတြက္ အေကာင္းဆံုးပစၥည္းတစ္မ်ိဳးျဖစ္တယ္။ အသားအေရက်န္းမာေစေသာ ပါ၀င္ပစၥည္းအမ်ိဳးမ်ိဳးပါပါတယ္။

ပ်ားရည္

ပ်ားရည္ဟာ အသားအေရ၀ါ၀င္းေစရံုသာမက စိုေျပေစပါတယ္။ အသားေျခာက္ျခင္းဟာ အသားေရာင္မညီညာျခင္းကိုျဖစ္ေစနုိင္တယ္။ ပ်ားရည္မွာ အမည္းစက္မ်ား၊ ၀က္ျခံအမာရြတ္မ်ားေလ်ာ့ေစေသာ ဘတ္တီးရီးယားနုိင္သည့္ အာနိသင္လည္းရွိပါတယ္။

သံပုရာသီး၊ ေရွာက္သီး

သံပုရာသီး ၊ ေရွာက္သီးေတြက အက္စစ္သတၲိဟာ အသားေရာင္၀င္းေစေသာ ဂုဏ္သတၲိရွိပါတယ္။ ဗီတာမင္-စီလည္းၾကြယ္၀တာေၾကာင့္ ဆဲလ္အသစ္ျဖစ္ျခင္းကိုလည္း အားေပးတယ္။ antioxidants အာနိသင္လည္းရွိတာေၾကာင့္ အသားအေရအတြက္အလြန္ေကာင္းမြန္ပါတယ္။

ဒါေပမယ့္ အနာမ်ား၊ ဒဏ္ရာမ်ားအေပၚမသံုးမိေအာင္ေတာ့ သတိထားပါ။ အက္စစ္သတၲိက အနာမ်ားကိုပိုနာေစနုိင္ပါတယ္။ ဒါ့အျပင္ ထိုအသီးမ်ားနွင့္ ဓာတ္မတည့္လ်ွင္ေတာ့ ေဖ်ာ္ရည္ေတြက သင့္ေတာ္မွာမဟုတ္ပါဘူး။

ရွားေစာင္းလက္ပတ္ဂ်ယ္လ္

ရွားေစာင္းလက္ပတ္ဟာ အသားညစ္ျခင္းကို သက္သာေစနုိင္ျပီး အသားေရာင္ထိန္းသိမ္းေပးနုိင္ပါတယ္။ ဒါ့အျပင္ ရွားေစာင္းလက္ပတ္ရဲ႕ ေအးေသာဂုဏ္သတၲိကလည္း က်န္းမာေသာအသားအေရအတြက္ လိုအပ္တဲ့ ဆဲလ္အသစ္ပြားျခင္းကို အားေပးျပီး ပ်က္စီးေနေသာတစ္သွ်ဴးမ်ား ျပဳျပင္ျခင္းကို အကူအညီျဖစ္ေစပါတယ္။

ဘာအေၾကာင္းေၾကာင့္ အသားညိဳျခင္း၊ မည္းျခင္းျဖစ္ပါေစ၊ သဘာ၀နည္းမ်ားျဖင့္ အသားျဖဴေအာင္လုပ္လို႔ရပါတယ္။ အေလ့အက်င့္တခ်ိဳ႕ စားေသာက္ပံုစံေျပာင္းလဲကာ အသားျဖဴေစေသာအိမ္သံုးပစည္းမ်ားေျပာင္းထည့္ အသံုးျပဳလိုုက္ပါက အ့ံၾသစရာရလဒ္ကိုျကံုရပါလိမ့္မယ္။

Unicode

ပြစ်မျိုးမှဲ့မထင်ဖြူစင်တဲ့အသားအရေဟာ အများစုလိုချင်ကြတဲ့ ဆန္ဒတစ်ခုပါပဲ။ အသားဖြူခရင်တွေ၊ လိုးရှင်းတွေဟာလည်း ဈေးကွက်တခွင်မှာ ပလူပျံနေပါတယ်။ ဒါပေမယ့် ထိုအရာတွေမှာ အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါနေနိုင်ပါတယ်။ ပြီးတော့ အကုန်အကျလည်းများသေးတယ်မို့လား။ ကျွမ်းကျင်သူတွေက အသားဖြူရန် အသုံးပြုသင့်သည့် သဘာဝအသားဖြူနည်းတစ်နည်း အကြံပေးထားပါတယ်။

ထိုနည်းကိုကြည့်လိုက်ရအောင်-

သဘာဝပစ္စည်းများကိုအသုံးပြုသော အသားအရေထိန်းသိမ်းစောင့်ရှောက်သည့်နည်းဖြစ်တယ်။ အသင့်တော်ဆုံး၊ အကောင်းဆုံး အသားအရေစောင့်ရှောက်သည့်ပစ္စည်းများသုံးရုံတင်မကပဲ သင့်ကျန်းမာရေးအတွက် စားသောက်ပုံစံ၊ အမူအကျင့်တွေပါ ထည့်သွင်းစဉ်းစားသောနည်းဖြစ်တယ်။

သင့်နေစဉ်လှုပ်ရှားလုပ်ကိုင်ပုံတွေမှာ သင့်မျက်နှာမှာအမည်းစက်တွေဖြစ်စေသော အကြောင်းအရင်းတွေပါကောင်းပါနေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အသားအရေကျန်းမာရေးအတွက် ရန်သူအကြီးကြီးဖြစ်တယ်။ အရေပြားခြောက်သွေ့မည်းညစ်စေပါတယ်။ အရေးကြောင်းတွေလျင်မြန်စွာဖြစ်စေနိုင်ပြီး အစက်အပြောက်များလည်းဖြစ်ပေါ်စေတယ်။

ဒိန်ချဉ်

နို့ထွက်ပစ္စည်းဒိန်ချဉ်ဟာ အရေပြားအတွက်ကောင်းသော ပစ္စည်းအများအပြားပါပါတယ်။ အရောင်ချွတ်နိုင်သော lactic acid လည်းပါတယ်။

လိမ္မော်သီး

အသားအရေစောင့်ရှောက်ဖို့ အရေးကြီးဆုံးပစ္စည်းက ဗီတာမင်-စီဖြစ်တယ်။ လိမ္မော်သီးတွေမှာ ကြွယ်ဝစွာ ပါပါတယ်။ ဒါ့အပြင် လိမ္မော်သီးတွေမှာ သင့်အသားအရေဝင်းစေသော အရောင်ချွတ်သတ္တိလည်း ပါတယ်။ လတ်ဆတ်သောလိမ္မော်သီး ပုံမှန်စားပေးခြင်းဟာ အသားအရေကိုကောင်းစွာအထောက်အပံ့ပေးနိုင်ပြီး ချောမွေ့စေပါတယ်။

ကုလားပဲမှုန့်

ကုလားပဲမှုန့်ဟာ အသားဖြူလိုသူများအတွက် အကောင်းဆုံးပစ္စည်းတစ်မျိုးဖြစ်တယ်။ အသားအရေကျန်းမာစေသော ပါဝင်ပစ္စည်းအမျိုးမျိုးပါပါတယ်။

ပျားရည်

ပျားရည်ဟာ အသားအရေဝါဝင်းစေရုံသာမက စိုပြေစေပါတယ်။ အသားခြောက်ခြင်းဟာ အသားရောင်မညီညာခြင်းကိုဖြစ်စေနိုင်တယ်။ ပျားရည်မှာ အမည်းစက်များ၊ ဝက်ခြံအမာရွတ်များလျော့စေသော ဘတ်တီးရီးယားနိုင်သည့် အာနိသင်လည်းရှိပါတယ်။

သံပုရာသီး၊ ရှောက်သီး

သံပုရာသီး ၊ ရှောက်သီးတွေက အက်စစ်သတ္တိဟာ အသားရောင်ဝင်းစေသော ဂုဏ်သတ္တိရှိပါတယ်။ ဗီတာမင်-စီလည်းကြွယ်ဝတာကြောင့် ဆဲလ်အသစ်ဖြစ်ခြင်းကိုလည်း အားပေးတယ်။ antioxidants အာနိသင်လည်းရှိတာကြောင့် အသားအရေအတွက်အလွန်ကောင်းမွန်ပါတယ်။

ဒါပေမယ့် အနာများ၊ ဒဏ်ရာများအပေါ်မသုံးမိအောင်တော့ သတိထားပါ။ အက်စစ်သတ္တိက အနာများကိုပိုနာစေနိုင်ပါတယ်။ ဒါ့အပြင် ထိုအသီးများနှင့် ဓာတ်မတည့်လျှင်တော့ ဖျော်ရည်တွေက သင့်တော်မှာမဟုတ်ပါဘူး။

ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်ဟာ အသားညစ်ခြင်းကို သက်သာစေနိုင်ပြီး အသားရောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပတ်ရဲ့ အေးသောဂုဏ်သတ္တိကလည်း ကျန်းမာသောအသားအရေအတွက် လိုအပ်တဲ့ ဆဲလ်အသစ်ပွားခြင်းကို အားပေးပြီး ပျက်စီးနေသောတစ်သျှူးများ ပြုပြင်ခြင်းကို အကူအညီဖြစ်စေပါတယ်။

ဘာအကြောင်းကြောင့် အသားညိုခြင်း၊ မည်းခြင်းဖြစ်ပါစေ၊ သဘာဝနည်းများဖြင့် အသားဖြူအောင်လုပ်လို့ရပါတယ်။ အလေ့အကျင့်တချို့ စားသောက်ပုံစံပြောင်းလဲကာ အသားဖြူစေသောအိမ်သုံးပစည်းများပြောင်းထည့် အသုံးပြုလိုက်ပါက အံ့သြစရာရလဒ်ကိုကြုံရပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *