သန္​းႂကြယ္​သူ​ေဌး​ေတြရဲ႕ အ​ေကာင္​းဆံုး ​ေငြစုနည္​း ၇ သြယ္

Zawgyi

တကယ္​​ေတာ့ က်ိက်ိတက္​ခ်မ္​းသာပါတယ္​ဆိုတဲ့ ကမၻာ့သူႂကြယ္​သူ​ေဌးႀကီး​ေတြဟာလည္​း သိပ္​ၿပီးပံုမွန္​ဆန္​တဲ့ဘဝမွာပဲ​ေနထိုင္​ၾကၿပီး အႂကြားအဝါကင္​းကင္​းနဲ႔ ပို္​က္​ဆံရဲ႕တန္​ွဖိုးကို ​ေကာင္​း​ေကာင္​းနားလည္​ၾကပါတယ္​။ ၿပီး​ေတာ့ သူတို႔ကိုဒီလို​ေနရာမွာ ရပ္​တည္​​ေစတဲ့အခ်က္​​ေတြထဲ အ​ေရးႀကီးတစ္​ခ်က္​က ပိုက္​ဆံဘယ္​လို႐ွာလဲဆိုတာထက္​ ႐ွာလို႔ရလာတဲ့ပိုက္​ဆံကို က်စ္​က်စ္​လ်စ္​လ်စ္​နဲ႔ စီမံခန္​ ့ခြဲ သံုးတတ္​စြဲတတ္​ၿပီး ​ေငြစုတတ္​တဲ့ အက်င္​့​ေကာင္​းပါပဲ။ သန္​းႂကြယ္​သူ​ေဌး​ေတြရဲ႕ အ​ေကာင္​းဆံုး ​ေငြစုနည္​းလမ္​း ၇ သြယ္​ ကို ​ေလ့လာၾကည္​့ၾကရ​ေအာင္​။

အ​ေႂကြးနဲ႔​ေဝး​ေအာင္​​ေန

သူ​ေဌးႀကီး​ေတြက သူတို႔ဘဝမွာ ​ေႂကြးၿမီဆိုတာမ်ိဳး လံုးဝအျဖစ္​မခံဘူး။ အ​ေႂကြးကိုအတင္​မခံတာဟာ ပိုက္​ဆံစုနည္​းတစ္​မ်ိဳးပါပဲ။ အ​ေႂကြးနဲ႔​ေဝး​ေအာင္​​ေနတာ စိတ္​အခ်ရဆံုး နံပါတ္​တစ္​နည္​းလမ္​းပါပဲ။

တိက်​ေသခ်ာတဲ့ အသံုးအစြဲ အစီအစဥ္​

ကိုယ္​့ဝင္​​ေငြကို ဘယ္​လိုသံုးစြဲဖို႔ ပိုင္​းျခားကန္​႔သတ္​မလဲဆိုတာ အ​ေရးႀကီးပါတယ္​။ ၅၀ ၃၀ ၂၀ နည္​းလမ္​းနဲ႔ မျဖစ္​မ​ေန ကုန္​က်စရိတ္​ ​ေတြကို ဝင္​​ေငြရဲ႕ ၅၀ ရာခို္​င္​ႏႈန္​း၊ တစ္​ကိုယ္​ရည္​လိုအပ္​ခ်က္​အတြက္​ ၃၀ ရာခိုင္​ႏႈန္​းနဲ႔ ပိုတဲ့ ၂၀ ရာခိုင္​ႏႈန္​းကို စု​ေဆာင္​းမယ္​ဆိုလည္​း ဒါကိုတကယ္​ျဖစ္​​ေအာင္​လုပ္​ပါ။

​ေရႊငန္​း​ေလးလို တစ္​​ေန႔ဥတစ္​လံုး

ဆိုလိုတာက​ေတာ့ အသံုးအစြဲလက္​မဖြာဖို႔၊ အသံုးအျဖဳန္​း မမ်ားဖို႔လို​ေပမယ္​့ ကိုယ္​့ဘဝအတြက္​ ဝင္​​ေငြပိုတိုးတက္​လာ​ေစမယ္​့ အရာ​ေတြကို​ေတာ့ ဝယ္​ယူသင္​့ၿပီး ​ေရ႐ွည္​ရင္​းႏွီးျမႇဳပ္​ႏွံပါ။ ဥပမာ လက္​ပ္​​ေတာ့ပ္​​ေတြ၊ ​ေနရာစံုသြား​ေနရသူအဖို႔ သြားလာ​ေရးအဆင္​​ေျပဖို႔ရာ ကားဝယ္​ထားမ်ိဳး​ေတြက ​ေရႊငန္​း​ေလးလို တစ္​​ေန႔ဥတစ္​လံုး ဥ​ေပးမွာအ​ေသအခ်ာပါပဲ။

​ေပးစရာ႐ွိတာအရင္​​ေပး

ကိုယ္​့ပိုက္​ဆံ​ေတြရလာၿပီဆိုရင္​ အရင္​ဆံုးလုပ္​ရမွာက မျဖစ္​မ​ေန မသံုးမျဖစ္​၊ မ႐ွိမျဖစ္​တဲ့ ​ေခါင္​းပူ​ေခါင္​းခဲစရာ စရိတ္​စက​ေတြကို အရင္​ၿပီးျပတ္​​ေအာင္​​ေပး​ေခ်ထားလိုက္​ဖို႔ပါပဲ။ ဒါမွ ပိုတဲ့ပိုက္​ဆံကိုမွ ဘယ္​လိုဆက္​သံုးစြဲသြားမလဲ အ႐ွင္​းလင္​းဆံုး စဥ္​းစားသြားႏို္​င္​မွာျဖစ္​တယ္​။ ဒါက ပိုက္​ဆံကို မလိုတဲ့အပိုမွာမသံုးမိ​ေစဖို႔ ​ေခြၽတာၿပီးသားျဖစ္​​ေစလိမ္​့မယ္​။ ပိုက္​ဆံရလာတိုင္​း ​အ​ေပ်ာ္​လြန္​သံုးျဖဳန္​းဖို႔ပါ ​ေနာက္​ကိုပို႔ထားၿပီးသား ျဖစ္​လာ​ေစမွာပါ။

လံုးဝပိုက္​ဆံမသံုးဘူးဆိုတဲ့ ​ေန႔ရက္​​ေတြ

ဒီလို လံုးဝပိုက္​ဆံမသံုးမယ့္ ​ရက္​​ေတြကို တစ္​ပတ္​ သို႔ တစ္​လမွာ ဘယ္​ႏွရက္​အထိ ထား႐ွိသြားမလဲ ဆိုတာ သႏိၵဌာန္​ခ်ထားလို္​က္​ပါ။ သင့့္​အတြက္​ အက်ိဳးထူးပါတယ္​။ ဒါက ႐ိုး႐ွင္​းၿပီး အ​ေရး​ေပၚသံုးဖို႔စြဲဖို႔ မလိုမခ်င္​း ပို္​က္​ဆံကိုလံုးဝမထုတ္​မိပါ​ေစနဲ႔​ေလ။

အ​ေႂကြပိုက္​ဆံ​ေလး​ေတြ စုစုထားပါ။

အ​ေႂကြပိုက္​ဆံ​ေလး​ေတြကို အထင္​မ​ေသးပါနဲ႔။ အခြင္​့အ​ေရး ရတုိင္​း စု​ေဆာင္​းထားလိုက္​ပါ။ လုိအပ္​လာတဲ့အခ်ိန္​ဆို အ​ေႂကြ​ေလးကိုစုလိုက္​ရင္​ ​ေကာ္​ဖီတစ္​ခြက္​စာ၊ မုန္​႔တစ္​နပ္​စာ သင္​့အတြက္​ျဖစ္​​ေစပါတယ္​။

အသစ္​မလဲခင္​ အရင္​ျပင္​

ကိုယ္​ဝယ္​ထားတဲ့ပစၥည္​း​ေလး​ေတြ ပ်က္​စီးသြားရင္​ လြယ္​လြယ္​​ေလးအသစ္​လဲတတ္​တဲ့ အက်င္​့ကမ​ေကာင္​းပါဘူး။ ျပင္​သံုးလို႔ရရင္​ သံုးလိုက္​ပါဦး။ လံုးဝမရ​ေတာ့တဲ့အ​ေျခအ​ေနမွစြန္​႔ပစ္​၊ အသစ္​လဲ။ ဒါလဲ​ေငြကိုပိုစုလာႏို္​င္​​ေစတဲ့ ထိ​ေရာက္​တဲ့အခ်က္​ပါပဲ။

Unicode

တကယ်တော့ ကျိကျိတက်ချမ်းသာပါတယ်ဆိုတဲ့ ကမ္ဘာ့သူကြွယ်သူဌေးကြီးတွေဟာလည်း သိပ်ပြီးပုံမှန်ဆန်တဲ့ဘဝမှာပဲနေထိုင်ကြပြီး အကြွားအဝါကင်းကင်းနဲ့ ပိုက်ဆံရဲ့တန်ှဖိုးကို ကောင်းကောင်းနားလည်ကြပါတယ်။ ပြီးတော့ သူတို့ကိုဒီလိုနေရာမှာ ရပ်တည်စေတဲ့အချက်တွေထဲ အရေးကြီးတစ်ချက်က ပိုက်ဆံဘယ်လိုရှာလဲဆိုတာထက် ရှာလို့ရလာတဲ့ပိုက်ဆံကို ကျစ်ကျစ်လျစ်လျစ်နဲ့ စီမံခန့်ခွဲ သုံးတတ်စွဲတတ်ပြီး ငွေစုတတ်တဲ့ အကျင့်ကောင်းပါပဲ။ သန်းကြွယ်သူဌေးတွေရဲ့ အကောင်းဆုံး ငွေစုနည်းလမ်း ၇ သွယ် ကို လေ့လာကြည့်ကြရအောင်။

အကြွေးနဲ့ဝေးအောင်နေ

သူဌေးကြီးတွေက သူတို့ဘဝမှာ ကြွေးမြီဆိုတာမျိုး လုံးဝအဖြစ်မခံဘူး။ အကြွေးကိုအတင်မခံတာဟာ ပိုက်ဆံစုနည်းတစ်မျိုးပါပဲ။ အကြွေးနဲ့ဝေးအောင်နေတာ စိတ်အချရဆုံး နံပါတ်တစ်နည်းလမ်းပါပဲ။

တိကျသေချာတဲ့ အသုံးအစွဲ အစီအစဉ်

ကိုယ့်ဝင်ငွေကို ဘယ်လိုသုံးစွဲဖို့ ပိုင်းခြားကန့်သတ်မလဲဆိုတာ အရေးကြီးပါတယ်။ ၅၀ ၃၀ ၂၀ နည်းလမ်းနဲ့ မဖြစ်မနေ ကုန်ကျစရိတ် တွေကို ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်း၊ တစ်ကိုယ်ရည်လိုအပ်ချက်အတွက် ၃၀ ရာခိုင်နှုန်းနဲ့ ပိုတဲ့ ၂၀ ရာခိုင်နှုန်းကို စုဆောင်းမယ်ဆိုလည်း ဒါကိုတကယ်ဖြစ်အောင်လုပ်ပါ။

ရွှေငန်းလေးလို တစ်နေ့ဥတစ်လုံး

ဆိုလိုတာကတော့ အသုံးအစွဲလက်မဖွာဖို့၊ အသုံးအဖြုန်း မများဖို့လိုပေမယ့် ကိုယ့်ဘဝအတွက် ဝင်ငွေပိုတိုးတက်လာစေမယ့် အရာတွေကိုတော့ ဝယ်ယူသင့်ပြီး ရေရှည်ရင်းနှီးမြှုပ်နှံပါ။ ဥပမာ လက်ပ်တော့ပ်တွေ၊ နေရာစုံသွားနေရသူအဖို့ သွားလာရေးအဆင်ပြေဖို့ရာ ကားဝယ်ထားမျိုးတွေက ရွှေငန်းလေးလို တစ်နေ့ဥတစ်လုံး ဥပေးမှာအသေအချာပါပဲ။

ပေးစရာရှိတာအရင်ပေး

ကိုယ့်ပိုက်ဆံတွေရလာပြီဆိုရင် အရင်ဆုံးလုပ်ရမှာက မဖြစ်မနေ မသုံးမဖြစ်၊ မရှိမဖြစ်တဲ့ ခေါင်းပူခေါင်းခဲစရာ စရိတ်စကတွေကို အရင်ပြီးပြတ်အောင်ပေးချေထားလိုက်ဖို့ပါပဲ။ ဒါမှ ပိုတဲ့ပိုက်ဆံကိုမှ ဘယ်လိုဆက်သုံးစွဲသွားမလဲ အရှင်းလင်းဆုံး စဉ်းစားသွားနိုင်မှာဖြစ်တယ်။ ဒါက ပိုက်ဆံကို မလိုတဲ့အပိုမှာမသုံးမိစေဖို့ ချွေတာပြီးသားဖြစ်စေလိမ့်မယ်။ ပိုက်ဆံရလာတိုင်း အပျော်လွန်သုံးဖြုန်းဖို့ပါ နောက်ကိုပို့ထားပြီးသား ဖြစ်လာစေမှာပါ။

လုံးဝပိုက်ဆံမသုံးဘူးဆိုတဲ့ နေ့ရက်တွေ

ဒီလို လုံးဝပိုက်ဆံမသုံးမယ့် ရက်တွေကို တစ်ပတ် သို့ တစ်လမှာ ဘယ်နှရက်အထိ ထားရှိသွားမလဲ ဆိုတာ သန္ဒိဌာန်ချထားလိုက်ပါ။ သင့်အတွက် အကျိုးထူးပါတယ်။ ဒါက ရိုးရှင်းပြီး အရေးပေါ်သုံးဖို့စွဲဖို့ မလိုမချင်း ပိုက်ဆံကိုလုံးဝမထုတ်မိပါစေနဲ့လေ။

အကြွေပိုက်ဆံလေးတွေ စုစုထားပါ။

အကြွေပိုက်ဆံလေးတွေကို အထင်မသေးပါနဲ့။ အခွင့်အရေး ရတိုင်း စုဆောင်းထားလိုက်ပါ။ လိုအပ်လာတဲ့အချိန်ဆို အကြွေလေးကိုစုလိုက်ရင် ကော်ဖီတစ်ခွက်စာ၊ မုန့်တစ်နပ်စာ သင့်အတွက်ဖြစ်စေပါတယ်။

အသစ်မလဲခင် အရင်ပြင်

ကိုယ်ဝယ်ထားတဲ့ပစ္စည်းလေးတွေ ပျက်စီးသွားရင် လွယ်လွယ်လေးအသစ်လဲတတ်တဲ့ အကျင့်ကမကောင်းပါဘူး။ ပြင်သုံးလို့ရရင် သုံးလိုက်ပါဦး။ လုံးဝမရတော့တဲ့အခြေအနေမှစွန့်ပစ်၊ အသစ်လဲ။ ဒါလဲငွေကိုပိုစုလာနိုင်စေတဲ့ ထိရောက်တဲ့အချက်ပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *