ဆီးချို သွေးချို ကာကွယ်ဖို့ သင်္ဘောသီးစိမ်း ရေနွေး နေ့စဉ်သောက်ကြစို့ ။
Zawgyi
9.11.2014 တင်ပြချက်.
အထောက်အကူဖြစ်ပါသည်။
Unicode
ယခုရက်ပိုင်းအတွင်းခေတ်စားလာသောဆေးမီးတို( ဆေးနည်းတို )တစ်ခုအကြောင်းတင်ပြလိုက်ပါသည်။ပုပ္ပားတောင်သို့ဘုရားဖူးသွားရင်းဆီးချိုတက်၍မေ့လဲကျသွားသော အမေသိန်း(နန်းရှေ့ကန်ကောက်သစ်ရွာ)မှဤနည်းကိုပြောပါသည်။
အမေသိန်းသည်ဆီးချိုသွေးချိုရောဂါနှင့်အထူးကုဆရာဝန်ကြီးများပြပြီးဆေးစားနေသည်မှာ၂နှစ်ကျော်ရှိပြီဖြစ်ပါသည်။
ခါတိုင်းလည်းဆီးချိုတက်လျှင်မူးလဲနေကျဖြစ်ပါသည် ။ပုပ္ပားတောင်စောင်းတန်းမှအမေကြီးတစ်ဦးမှသူ့ကိုပွေ့ချီထားခိုင်းပြီးသင်္ဘောသီးစိမ်းအဆင်သင့်ကိုခေါင်းပိုင်းမှဖြတ်။
အတွင်းမှအစေ့နုများကိုဇွန်းဖြင့်ခြစ်ထုတ်ပြီးနောက်ဆူနေသောရေနွေးအဖြူလောင်းထည့်ပြီးပိတ်ထားပါသည်။
၁၅မိနစ်ခန့်ထားပြီးနောက်သွန်ငှဲ့ပြီးအနည်းငယ်အအေးခံ၍တိုက်ပါသည်။သင်္ဘောသီးကိုလွှင့်မပစ်ရပါရေနွေးပြန်ပြန်ဖြည်ပြီးတစ်နေကုန်၄ကြိမ်၅ကြိမ်အထိသောက်နိုင်ပါသည်။
ဤနည်းဖြင့်အမူးရောဂါအမျိုးမျိုးသက်သာသည့်အပြင်သွေးယားရောဂါ။ အိပ်မပျော်သောရောဂါနှင့်အစာအိမ်ရောဂါအချို့တို့ပါပျောက်ကင်းသူများရှိသည်ဟုဆိုပါသည်။
အမေသိန်းသည်ဤနည်းကိုယုံယုံကြည်ကြည်ဖြင့်တစ်လစွဲစွဲမြဲမြဲသောက်ပြီးနောက်နေ့စဉ်စစ်ဆေးနေသောဆီချို မှာလုံးဝမတက်တော့ဟုဆိုပါသည်။
ဤနည်းအတိုင်းလုပ်ဆောင်ပုံကိုတင်ပြပေးသူဆရာမဒေါ်ကြည်ကြည်သန်းနှင့် အမေသိန်းတို့ပုံကိုတင်ပြထားပါသည်။ ဘေးထွက်ဆိုးကျိုးမရှိသောနည်းဟုယူဆ၍တင်ပြပါသည် ။
9.11.2014 တင်ပြချက်.
စာရေးသူသည်.သင်္ဘောသီးစိမ်းရေနွေးကြမ်းဖြင့် ဆီးချိုသွေးချိုရောဂါကုသခြင်း စာတမ်းကို ..
တိုင်းရင်းဆေးသမားတော်များညီလာခံ(၂၀၁၅၊ဒီဇင်ဘာလ)တွင်ဖတ်ကြားတင်သွင်းခဲ့ပါသည်။
ဆရာဝန်များညွှန်ကြားချက်အတိုင်း ဆီးချိုကျဆေးသောက်နေသူများသည်..မိမိသောက်နေကျဆေးကိုသောက်ရင်း သင်္ဘောသီးစိမ်းရေနွေးကိုသောက်သုံးရန်တင်ပြပါသည်။
အထောက်အကူဖြစ်ပါသည်။
ဘေးထွက်ဆိုးကျိုးမတွေ့ရပါ။စစ်ဆေးတက္ကသိုလ်မှလည်း ဝင်ရောက်ဆွေးနွေးပြီး သင်္ဘောသီးအတွင်းမှအစေ့များကိုဖယ်မပစ်သင့်ကြောင်းနှင့် အထဲမှအမြှေးနှင့်အစေ့အာနိသင်များကို ဓာတ်ခွဲသုတေသနပြုပြီး
သူတို့မဟာဘွဲ့စာတမ်းတစ်စောင်ပြုစုနေကြောင်း ဝင်ရောက်ဆွေးနွေးပါသည်။
အမေသိန်း ယခုအသက် ၇၆နှစ်သည် ကျန်းမာစွာဖြင့် မန္တလေးမြို့အရှေ့ ကန်ကောက်သစ်ရွာတွင်နေထိုင် သာသနာအကျိုးပြုလုပ်ငန်းများဆောင်ရွက်လျှက်ရှိပါသည်။
ကြည်လွင်မြင့်(မုဒြာ)၉.၁၁.၂၀၁၈။ မန္တလေးမြို့
Leave a Reply
Your email address will not be published. Required fields are marked *