Single ​လေး​တွေကို အားကျသွား​အောင်​ အကြီးကြီး Ro ပြလိုက်​တဲ့ ​နေဝင်း

ပရိသတ်​​တွေ အရမ်းကြိုက်​နှစ်​သက်​အား​ပေးကြတဲ့ snare အဖွဲ့ဝင်​ ​နေဝင်းက​တော့ သစ္စာရှိပြီး အချစ်​ကြီးသူတစ်​ဦးမို့ ပရိသတ်​​တွေက ပိုပိုပြီး သ​ဘောကျ​နေကြတာပါ။ လတ်​တ​လောမှာ​တော့ ​နေဝင်းက အရမ်းကိုချစ်​စရာ​ကောင်းတဲ့ ချစ်​သူ​လေးနဲ့ ကြည်​နူးစရာပုံရိပ်​​လေးတစ်​ခုကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ ​နေဝင်းတို့စုံတွဲ​လေးရဲ့ အ​ကြောင်းက​တော့ အချစ်​စစ်​ကို ရှာ​ဖွေမ​တွေ့ရှိ​သေးတဲ့ Single ​တွေအတွက်​ အားကျစရာတစ်​ခုကြီးလို ဖြစ်​​နေတာပါ​နော်​။

ချစ်​ပရိသတ်​​တွေ​အတွက်​ ပရိသတ်​​တွေ သ​ဘောကျ​နေကြတဲ့ ​နေဝင်းတို့ချစ်​သူနှစ်​ဦးရဲ့အ​ကြောင်းေ​လးကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

နေဝင်းက​တော့ “ကိုကြီး ရုံးကနေ စောစောပြန်ခဲ့မယ်နော် ကလေးလေး 🤩🖤❤️” ဆိုပြီး ရုံးသွားခါနီး ​ကောင်​မ​လေးကို နှုတ်​ဆက်​​နေတဲ့ ချစ်​စရာပုံရိပ်​​လေး​ကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။

အယ်​ ကိုကြီး ​နေဝင်းက အရမ်း Ro တာပဲ​နော်​…။

အရမ်းကို ချစ်​တတ်​လွန်းကြတဲ့ ​နေဝင်းနဲ့ အိမ့်​ချစ်​​ချောတို့ ချစ်​သူနှစ်​ဦးက​တော့ တစ်​ဦးအ​ပေါ်ကို တစ်​ဦး နားလည်​မှုအပြည့်​နဲ့ ​ရှေ့ဆက်​​နေကြတာ အခုဆိုရင်​ ချစ်​သူသက်​တမ်း ၁၀ နှစ်​အထိ ရှိ​နေပြီပဲ ဖြစ်​ပါတယ်​။ ချစ်​ပရိသတ်​​တွေ​ရော ​နေဝင်းလို ​ကိုယ်​နဲ့ နှလုံးသားချင်းနီးစပ်​တဲ့ ချစ်​သူမျိုး ပိုင်​ဆိုင်​ထားပြီလားဆိုတာ ​ပြောသွားခဲ့ပါဦး​နော်​။

Leave a Reply

Your email address will not be published. Required fields are marked *