တကယ့်လူချမ်းသာတစ်ယောက်ဆိုတာ ဒီအချက်(၅)ချက်ကိုလုပ်တတ်သူတွေပါ

လူချမ်းသာတွေက သာမန်လူတွေနဲ့ နေပုံထိုင်ပုံ လုပ်ပုံကိုင်ပုံတွေ၊ အပြုအမူတွေ မတူဘူးဆိုတာ သင်လက်ခံတယ်မို့လား။ ဟုတ်ပါတယ်။ သူတို့မှာ သာမန်လူတွေနဲ့ ကွဲပြားတဲ့ အမူအကျင့်တွေ ရှိကြတယ်။ လူချမ်းသာတစ်ယောက် လွယ်လွယ်ဖြစ်မလာနိုင်သလို လူချမ်းသာဖြစ်လာပြီဆိုရင်လည်း သူတို့က ဒီလိုအမူအကျင့်တွေကို ပိုင်ဆိုင်ထားတယ်ဆိုတာ သင်မြင်တွေ့ရပါလိမ့်မယ်။

(၁)။ နည်းနည်းပဲပြောတယ်၊ များများလုပ်တယ်

လူချမ်းသာအများစုကို သင်ကြည့်လိုက်ပါ။ သူတို့က စကားနည်းနည်းပဲပြောတတ်ကြပြီး အလုပ်ကို များများလုပ်တတ်ကြသူတွေ။ သူတို့မသိတာတွေကို တိတ်တဆိတ်လေ့လာပြီး ပိုကောင်းဖို့ သင်ယူနေကြသူတွေဆိုတာ သင်တွေ့ရလိမ့်မယ်။ သာမန်လူတွေက ကိုယ်သိတာလေးနည်းနည်းအတွက် ကြီးကြီးကျယ်ကျယ်တွေ ပြောဆိုနေကြချိန်မှာ သူတို့ကတော့ အပြောထက် အလုပ်ကိုပဲ အာရုံစိုက်ပြီး အောင်မြင်ဖို့ ကြိုးစားနေကြပါတယ်။

(၂)။ စုဆောင်းတဲ့နေရာမှာ ကျွမ်းကျင်တယ်

လူချမ်းသာတွေက ပိုက်ဆံရှာတဲ့နေရာမှာတင် ကျွမ်းကျင်တာမဟုတ်ပါဘူး။ ပိုက်ဆံကို ဘယ်လိုစုဆောင်းထားရမလဲဆိုတဲ့နေရာတွေမှာလည်း ကျွမ်းကျင်ကြပါတယ်။ သူတို့က ၀င်ငွေနဲ့ထွက်ငွေကို အချိုးကျအောင် ကိုင်တွယ်နိုင်ကြသလို ဘယ်လိုနေရာတွမှာ ရင်းနှီးမြှပ်နှံရမလဲဆိုတာတွေကိုလည်း ကောင်းကောင်းသိထားကြတယ်။

(၃)။ အလှူအတန်းရက်ရောတယ်

သူတို့က တခြားနေရာမှာသာ ပိုက်ဆံကို စိစစ်ပြီး သုံးချင်သုံးမယ်၊ အလှူအတန်းလုပ်တဲ့နေရာမှာတော့ လက်မနှေးကြသူတွေပါ။ ဒီဘ၀မှာ ဒီလိုချမ်းသာလာတာက အရင်ဘ၀တုန်းက အလှူအတန်းတွေ အများကြီးလုပ်ခဲ့တာကြောင့်လို့ သူတို့က ထင်တတ်ကြတယ်။ အဲဒီလိုနဲ့ နောက်ဘ၀မှာ ကံကောင်းဖို့အတွက် ဒီဘ၀မှာ အလှူအတန်းတွေအများကြီး လုပ်လေ့ရှိကြတာပါ။

(၄)။ စီးပွားရေးလုပ်ဖို့ကြောက်မနေဘူး

ပိုက်ဆံရှိတဲ့သူတွေရဲ့ ထုံးစံအတိုင်း စီးပွားရေးလုပ်လို့ အရှုံးပေါ်မှာကို ကြောက်နေသူတွေ မဟုတ်ကြဘူး။ စွန့်စားပြီးလုပ်ရတဲ့အလုပ်တွေက အကျိုးအမြတ်ပိုရတတ်ကြတယ်လို့ သူတို့က ခံယူထားလေ့ရှိပြီး အကျိုးအမြတ်ရမယ်လို့ ထင်ထားတဲ့လုပ်ငန်းတွေကိုလုပ်ဖို့ နောက်တွန့်နေလေ့မရှိကြဘူး။

(၅)။ လူမြင်ကွင်းကိုသိပ်မထွက်ကြဘူး

လူချမ်းသာ အများစုဟာ လူမြင်ကွင်းကို သိပ်ပြီးမထွက်ချင်ကြပါဘူး။ သူတို့ရဲ့အပေါင်းအသင်းနည်းနည်းလေးနဲ့၊ ပြီးတောာ့ သူတို့ရဲ့ဇိမ်ခံပစ္စည်းတွေနဲ့သာ ဘ၀ကို အချိန်ကုန်ဖို့ ကြိုးစားတတ်ကြတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေမှာဆိုရင်လည်း သူတို့က နောက်ကွယ်မှာသာ အမြဲနေလေ့ရှိကြပြီး အရာရာကို ချုပ်ကိုင်ထားဖို့ ကြိုးစားလေ့ရှိကြတယ်။ လူမြင်ကွင်းကို ထွက်မှ အောင်မြင်တယ် ဆိုတဲ့ အယူအဆကြီးကို သူတို့က အမြဲတမ်းဆန့်ကျင်လေ့ရှိကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *