မျက်နှာပေါင်းတင်ရာမှာ အိမ်တွင် အလွယ်တကူလုပ်နိုင်မယ့် နည်းလမ်း (၃)မျိုး

မျက်နှာအသားအရေကောင်းအောင် မျက်နှာပေါင်းတင်တဲ့အဆင့်ကို မလုပ်မဖြစ် လုပ်ပေးရပါမယ်။ မျက်နှာပေါင်းတင်တာကို အပိုအလုပ်လို့ထင်ရင် မှားသွားပါမယ်။ မျက်နှာပေါင်းတင်ပေးတာကလည်း အသားအရေထိန်းသိမ်းခြင်း အဆင့်မှာ မရှိမဖြစ်ပါဝင်ပါတယ်။ ဒါကြောင့် အိမ်မှာ အလွယ်တကူလုပ်နိုင်မယ့် မျက်နှာပေါင်းတင်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) အာလူး ၊ သခွားသီး နဲ့ Baking Soda

ပါဝင်ပစ္စည်းများ – လှီးပြီးသားသခွားသီး (လေးပုံတစ်ပုံ) ၊ အာလူး ( ရှစ်ပုံတစ်ပုံ ) ၊ ကြက်ဥအကာ (၁ လုံး) ၊ ဒိန်ချဉ် (ခွက်ရဲ့ လေးပုံတစ်ပုံ) ၊ Baking Soda (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)။
– ပါဝင်ပစ္စည်းတွေအားလုံးကိုရောမွေပေးပြီး အနှစ်ပြစ်အောင်လုပ်ပေးပါ။
– မျက်နှာပေးလိမ်းပေးပြီး (၂၀-၃၀)မိနစ်လောက် အခြောက်ခံထားပါ။
– ပြီးရင် ရေနွေးနွေး နဲ့ မျက်နှာသစ်ပေးပါ။
– တစ်ပတ်ကို (၃)ကြိမ်လုပ်ပေးပါ။

(၂) အာလူး ၊ ပျားရည် နဲ့ Almond အဆီ

ပါဝင်ပစ္စည်းများ – အာလူး (အသေးတစ်လုံး) ၊ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ Almond အဆီ (စားပွဲတင်ဇွန်း ၁ ဇွန်း) ။
– အာလူးကို ကြိတ်ပေးပြီး ပျားရည် ၊ Almond အဆီ တို့နဲ့ရောပေးပါ။
– အနှစ်ဖြစ်ပြီးဆိုရင် မျက်နှာပေါ် လိမ်းပေးပါ။
– မိနစ် (၃၀) လောက်ပေါင်းတင်ထားပြီး ရေနဲ့ ဆေးပေးပါ။
– တစ်ပတ်ကို (၂)ကြိမ်လုပ်ပေးပါ။

(၃) အာလူး နဲ့ ကြက်ဥအကာ

ပါဝင်ပစ္စည်းများ – အာလူးရည် (တစ်ဝက်) ၊ ကြက်ဥအကာ (၁ လုံး) ။
– အာလူးကိုကြိတ်ချေပြီး ရလာတဲ့အရည် နဲ့ ကြက်ဥအကာကို ရောပေးပါ။
– ရလာတဲ့အရောနဲ့ မျက်နှာ ၊ လည်ပင်းတို့ကို လိမ်းပေးပါ။
– ခြောက်သွားပြီးဆိုရင် ရေနဲ့ဆေးပေးပါ။
– တစ်ပတ်ကို (၂-၃)ကြိမ်လောက်လုပ်ပေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *