Lisa နဲ့လုံးဝမတူချင်ပါဘူးလို့ ပြောလာတဲ့ နန်းခင်ဇေယျာ

တိုင်းရင်းသူ အလှမယ်လေးတယောက်ဖြစ်တဲ့ နန်းခင်ဇေယျာ ကတော့ သူ့ရဲ့ ပုံတချို့ကိုတော့ ကိုရီးယားနိုင်ငံက နာမည်ကြီး အဖွဲ့ BlackPink အဖွဲ့ရဲ့ အဖွဲ့ဝင်တယောက်ဖြစ်တဲ့ Lisa နဲ့တူတယ်လို့ ပြောခဲ့ကြပြီး ဒီပုံလေးနဲ့ပတ်သက်ပြီး သူ့ကိုဝေဖန်တဲ့သူတွေလည်း ရှိသလို ချီးကျူးအားပေးတဲ့သူတွေလည်း ရှိပါတယ်။ နန်းခင်ဇေယျာကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောကြားသွား ခဲ့ပါတယ်။

နန်းခင်ကို Lisa နဲ့တူတယ်လို့ ပြောကြတဲ့ အပေါ်မှာတော့ “နန်းခင်ကတော့ ဆံပင်တုကြောင့်လို့ပဲ ထင်ပါတယ်။ အဲ့ဆံပင်တု တပ်လိုက်ပြီးတော့ နန်းခင်ကို တော်တော်များများက Lisa နဲ့တူတယ်လို့. ပြောကြတယ်။ နန်းခင်ကတော့ အစက မသိဘူး။ နောက်ပိုင်းမှ ကွန်မန့်တွေလာမန့်မှ သိရတာပေါ့နော်။ နန်းခင်က နန်းခင်ပါပဲ။ Lisa လည်းမဖြစ်ချင်ပါဘူး။ ကိုယ်က နန်းခင်ဇေယျာ ဖြစ်တဲ့အတွက်ကြောင့် နန်းခင်ပဲ ဖြစ်ချင်ပါတယ်။ Lisa လည်းမဖြစ်ချင်ပါဘူး။ Lisa ကို အတုခိုးပြီး လိုက်လုပ်ထားတွေလည်း မရှိပါဘူး။ ဒါကြောင့် အဲ့ဆံပင်တုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ လီဆာနဲ့တူသွားတယ်ဆိုတာက။

တချို့တွေကတော့ မျက်နှာကျဆင်တယ်ပေါ့။ တချို့ကျတော့လည်း မျက်လုံးတူတယ်ပေါ့။ တချို့ကျပြန်တော့လည်း သူနဲ့တူအောင် ခွဲစိတ်လိုက်တာလို့ ပြောကြတယ်ပေါ့။ နန်းခင် အဲ့လိုမျိုးတူအောင် လုပ်လာတာလည်း မရှိဘူး။ စခွဲကတည်းက မျက်လုံးအိမ်နည်းနည်းကျယ်အောင် လုပ်လိုက်တယ်။ နှခေါင်းကို နည်းနည်းမြင့်လိုက်တယ်။ အဲ့ဒါနှစ်ခုပဲ ပြင်လိုက်တယ်။ အဲ့တော့ သူနဲ့တူစရာလည်း မရှိဘူးပေါ့။ တချို့ Lisa ပရိသတ်တွေကတော့ နန်းခင်ကိုပြောကြတယ်။ Lisa နဲ့တူအောင် လိုက်လုပ်တယ်ပေါ့။ တကယ်တော့ နန်းခင်လိုက်ကို လုပ်စရာမလိုပါဘူး။ သူများနိုင်ငံက လူတယောက်နဲ့လည်း မတူချင်ပါဘူး။ နန်းခင်က နန်းခင်ပါပဲ။

နန်းခင်ကတော့ သူ့ကို အရမ်းချစ်ဖို့ကောင်းတယ်လို့ မြင်ပါတယ်။ သူကတကယ့်ကို ထိုင်းမှာရော ကိုရီးယားမှာပါ တကယ့်ကို နာမည်ကြီး။ ပြီးတော့ အိမ်ကတူမလေးကလည်း သူတို့အဖွဲ့ရဲ့ သီချင်းလေးတွေကို နားထောင်ပြီး ကနေတော့ ဝိုး အဲ့လောက်နာမည်ကြီးတဲ့ ကောင်မလေး နဲ့ တူတယ်လို့ ပြောတော့ မဆိုးပါဘူးပေါ့။ ဒီလောက်ပါပဲ။ နန်းခင်ကတော့ နန်းခင်ပဲ ဖြစ်ချင်ပါတယ်။ lisa လည်း မဖြစ်ချင်ပါဘူး။ ဒါပေမယ့်လည်း Lisa နဲ့တူတယ်လို့ ပြောပေးကြတာကိုလည်း ကျေးဇူးတင်ပါတယ်။ မတူပဲနဲ့ လိုက်တုတဲ့ ထဲမှာလည်း နန်းခင် မပါပါဘူး။ အဲ့ဒါလေးတော့ ပြောချင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။မူရင်းရေးသားသူအား လေးစားစွာဖြင့်ခွက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *