ထွန်းထွန်းမင်းနဲ့ တူးတူး တို့ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်တဲ့ ဒေဝ

ထွန်းထွန်းမင်းနဲ့ တူးတူး။ မင်းတို့နှစ်ယောက်လုံးရဲ့ စိန်ခေါ်မှုကို လက်ခံတယ်။ ငါက ကမ္ဘာ့အကောင်းဆုံးလက်ဝှေ့သမား။ ဘယ်သူ့ကိုမှ ငါမကြောက်ဘူး။ လူတိုင်းက လက်ဝှေ့ဘုရင်ဖြစ်ချင်ကြတယ်။ ဒါပေမဲ့ လက်ဝှေ့လောကမှာ ဘုရင်ဆိုတာ တစ်ပါးတည်းရှိရမှာ။

ထွန်းထွန်းမင်း…ငါတို့တွေ ၃ ကြိမ်ရင်ဆိုင်ဖူးတယ်။ ငါဝါနုတဲ့ဘ၀တုန်းက မင်းကို ဒဏ်ရာရအောင် ထိုးသတ်ခဲ့ဖူးတယ်။ ငါ့ကို မင်းထပ်စိန်ခေါ်ပြီး နောက် ၂ နှစ်အကြာ ပြီးခဲ့တဲ့ဒီဇင်ဘာတုန်းက မင်းကို ငါအစီးထိုးခဲ့တယ်။ ငါ့တံတောင်ရိုက်ချက်နဲ့ မင်းအိပ်ပျော်သွားတာ စက္ကန့် ၄၀ ကြာတယ်။

ပွဲဆက်ထိုးနိုင်ဖို့ မင်းအကူလူတွေက ၂ မိနစ်အနားတောင်းပေးခဲ့ရတယ်။ မင်းနဲ့ ထိုးရတာ ငါဂုဏ်ယူတယ်။ ဒါပေမဲ့ ငါ့ခွန်အားနဲ့ နည်းစနစ်က မင်းအတွက် ယှဉ်နိုင်စရာမရှိလို့ စိတ်မကောင်းဘူး။

နောက်ဆုံးပွဲတုန်းက မင်းကို ကြိုးဝိုင်းကြမ်းခင်းပေါ် ၁၀ ခါမက လဲကျအောင် ငါလုပ်ခဲ့ပေမယ့် ငါကတော့ တစ်ခါမှ လဲမကျဘဲ ငါပိုသာတယ်ဆိုတာ အားလုံးကို ပြခဲ့ပြီးပြီ။ ၄ ကြိမ်မြောက် ငါတို့ရင်ဆိုင်ကြမယ်ဆိုရင် မင်းအတွက် ပိုတောင်ဆိုးနေဦးမယ်။

တူးတူးစိန်ခေါ်တာနဲ့ပတ်သက်ပြီးတော့ ပြောရရင် တကယ်စိတ်လှုပ်ရှားမိတယ်။ ၂၀၁၆ တုန်းက ငါတို့တွေ တစ်ခါရင်ဆိုင်ခဲ့ဖူးတယ်။ အဲဒါကလည်း ငါ့ရဲ့ပထမဆုံး လက်ဝှေ့ပွဲ။ သမ္ဘာနုသေးပေမယ့် တစ်ပွဲလုံးကို ငါက အစီးထိုးနိုင်ခဲ့တယ်။ ငါ့ကိုထိအောင်တော့ မင်းမစွမ်းဆောင်နိုင်ခဲ့ဘူး။ ငါက အခုလက်စွမ်းပိုတက်လာတော့ ဘာလုပ်နိုင်မလဲဆိုတာ တွေးကြည့်လိုက်ပါလား။

ဆွဲလိုက်ကြရအောင်။  ဒေ၀ Vs တူးတူး (မကျေပွဲ)

Leave a Reply

Your email address will not be published. Required fields are marked *