မနေ့ကဘဲ စအလှူခံတာ၊ ဒီနေ့ မွန်ပြည်နယ်ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေ (၁၇) သိန်းကျော်ရပြီဆိုတဲ့ ဖြိုးမြတ်အောင် သာဓုပါနော်

ပရိသတ်​​တွေရဲ့ စိတ်​ဝင်​စားမှုကို အပြည့်​အဝရရှိခဲ့တဲ့ Myanmar Idol Season (3) ပြိုင်​ပွဲ ကြီးရဲ့ Winner ဆုရှင်​ ဖြိုးမြတ်​​အောင်​က​တော့ ရိုးရိုး​အေး​အေး​နေထိုင်​တတ်​သူတစ်​ဦးမို့ ပရိသတ်​​တွေက အချစ်​ပို​နေကြရတာပဲ ဖြစ်​ပါတယ်​။

လတ်​တ​လောမှာ​တော့ ဖြိုးမြတ်​​အောင်​က မွန်​ပြည်​နယ်​ ​ရေ​ဘေး​သင့်​​ဒေသသို့ သွား​ရောက်​လှူဒါန်းဖို့အတွက်​ အလှူခံ​နေတာ ၁၇သိန်း ​ကျော်​အထိ ရရှိ​နေပြီလို့ လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ ထိထိ​ရောက်​​ရောက်​ ကူညီနိုင်​ဖို့ အလှူရှင်​​တွေကို စုစည်း​ပေးနိုင်​တဲ့ ဖြိုးမြတ်​​အောင်​က​တော့ တကယ့်​ကို လူချစ်​လူခင်​ ​ပေါသူတစ်​ဦးပါပဲ​နော်​။

ချစ်ပရိသတ်တွေအတွက် မွန်​ပြည်​နယ်​​ရေ​ဘေးအတွက်​ အင်​တိုက်​အားတိုက်​ လုပ်​​ဆောင်​​နေတဲ့ဖြိုးမြတ်​​အောင်ရဲ့​ အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။ဖြိုးမြ​တ်​​အောင်​ က​တော့ “မွန်ပြည်နယ် ရေဘေးအတွက် အလှူရှင်စာရင်း – ညနေ (၆) နာရီ အထိ စုစုပေါင်း – (1,745,000) ကျပ်တိတိ(၁၄၊ ၈၊ ၂၀၁၉) ရက်နေ့တွင် ရေဘေးဒဏ်သင့် ဒေသများသို့ သွားရောက်လှူဒါန်းပေးပါမည်။” ဆိုပြီး လူမှုကွန်​ယက်​မှာ ​ဖော်​ပြထားတာပါ။

လက်ရှိမြန်မာနိုင်ငံ မွန်ပြည်နယ်မှာ ရေဘေးသင့်ဒုက္ခကို ခံစားနေကြရတာပါ။ သေဆုံးသူအမြောက်အများရှိနေတာကြောင့်လည်း ကယ်ဆယ်ရေးများစွာသွားရောက်နေကြတာ တွေ့ရပါတယ်။ချစ်​ပရိသတ်​​တွေ​လည်း အချိန်​ခဏ​လေးအတွင်းမှာ သိန်း​ပေါင်းများစွာ အလှူခံနိုင်​ခဲ့တဲ့ြ​ဖိုးမြတ်​​အောင့်​ ကုသိုလ်​ကို သာဓု​ခေါ်သွားကြပါဦး​နော်​။

Leave a Reply

Your email address will not be published. Required fields are marked *