ကျောင်းသားကဒ်​ထဲထည့်​မယ့်​ပုံကိုမှ ​ကျပ်​မပြည့်​သလို ရယ်​ခဲ့မိတဲ့ အေ​ကြာင်း​ပြောလာတဲ့ ပိုင်​ဖြိုးသု

သရုပ်​​ဆောင်​ပိုင်းမှာ အသက်​ဝင်​ ပီပြင်​လွန်းလို့ ပရိသတ်​​တွေရဲ့ ချစ်​ခြင်း​မေတ္တာကို အပြည့်​အဝ ရရှိထားတဲ့ မင်းသမီး​ချော​လေး ပိုင်​ဖြိုးသုက​တော့ အကယ်​ဒမီဆုကြီးကို​တောင်​ ရယူပိုင်​ဆိုင်​ထားနိုင်​သူတစ်​ဦးပါ။ လတ်တလောမှာတော့ ပိုင်ဖြိုးသုက “New York Film Academy” မှာ ကျောင်းတက်ဖို့အတွက် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

လတ်တေ​လာမှာ​တော့ ပိုင်​ဖြိုးသုက ​ကျောင်းတက်ဖို့အတွက်​ လိုအပ်​တဲ့ ​ကျောင်းသားကဒ်​​လေးမှာ သူမရဲ့ဓာတ်​ပုံ​က မလှမပ​လေး ဖြစ်​​နေတာမို့ ရယ်​​နေရတဲ့အ​ကြောင်း လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ သုသု​လေးက ဘယ်​လိုရယ်​​နေ​နေ လှပြီးသားပဲလို့ ပရိသတ်​​တွေက​တောင်​ ပြန်​စ​နေကြပါ​သေးတယ်​။ချစ်​ပရိသတ်​​တွေအတွက်​ နယူး​ယောခ့်​မှာ ​ကျောင်းစတက်​​နေပြီဖြစ်တဲ့ ပိုင်ဖြိုးသုရဲ့ အလွဲေ​​လးတစ်ခု​ကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ပိုင်​ဖြိုးသုက​တော့”ဘယ့်နှယ့်ကျောင်းသားကဒ်အတွက်ရိုက်တဲ့ဓါတ်ပုံမှာ ကျပ်မပြည့်တဲ့ရုပ်နဲ့ရယ်နေရတာလဲဒေါ်သုရယ် ” ဆိုပြီး သူ ​ကျောင်းသားကဒ်​မှာ ပုံလှလှ​လေး ထွက်​မလာတဲ့အ​ကြောင်းကို ရယ်​​နေတဲ့ အီမိုဂျီ​လေးနဲ့အတူ လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာပါ။

ပိုင်​ဖြိုးသုတို့ဇနီး​မောင်​နှံကတော့ ဝါသနာပါရာအလုပ်တွေကို အကောင်းဆုံးကြိုးစားပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူ လျှောက်လှမ်းနေကြတာပဲ ဖြစ်​ပါတယ်​။ ချစ်​ပရိသတ်​​တွေလည်း အနုပညာအတွက် ချစ်​ရသူ​တွေနဲ့ ခဏတဖြုတ် ခွဲခွာနေရတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုတစ်ယောက် ပညာတွေအများကြီးဆည်းပူးပြီး ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *