မိတ်ကပ်ပညာရှင် လင်းလင်း ရဲ့မွေးနေ့မှာ လက်ဆောင်ဝယ်ပေးလိုက်တဲ့ ဖြိုးမြတ်အောင်

Myanmar Idol Season 3 Winner ဆုရှင်ဖြိုးမြတ်အောင် ဟာဆိုရင် အနုပညာလောကထဲမှာ ကြိုးစားလျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးနေပြီး နယ်ပွဲများသီဆိုရင်း အနုပညာအလုပ်တွေ တောက်လျှောက် လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ဖြိုးမြတ်အောင် က မိတ်ကပ်လင်းလင်း ရဲ့ မွေးနေ့မှာ လက်ဆောင် ဝယ်ပေးလိုက်တဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြိုးမြတ်အောင် က သူချစ်တဲ့ သီချင်းတွေဆိုရင်း သူချစ်တဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပါ။ ဖြိုးမြတ်အောင် က သူ့ရဲ့ မကြာခင်ထွက်ရှိတော့မယ့် solo album အတွက် ရိုက်ကူးရေးတွေလည်း လုပ်နေတာတွေ့ရပါတယ်

ဒီနေ့မှာတော့ ဖြိုးမြတ်အောင် က သရုပ်ဆောင် အေးဝတ်ရည်သောင်းနဲ့ ကြော်ငြာတစ်ခုကို ရိုက်ကူးခဲ့ပါတယ်။ဒီနေ့လေးကလည်း ဖြိုးမြတ်အောင် အတွက် မိတ်ကပ်လိမ်းခြယ်ပေးတဲ့ မိတ်ကပ်ပညာရှင် လင်းလင်း ရဲ့ မွေးနေ့ဖြစ်တာကြောင့် ဖြိုးမြတ်အောင် က မွေးနေ့လက်ဆောင် ဝယ်ပေးလိုက်တာပါ။

crd

Leave a Reply

Your email address will not be published. Required fields are marked *