ပိုးမမှီသာ နဲ့ ပုံတွေတင်ပြီး ဝေဖန်တဲ့အပေါ် တန့်ပြန်လိုက်တဲ့ ဘစိုင်း

လွန်ခဲ့တဲ့ ၁၅နှစ်လောက်ထဲက မြန်မာနိုင်ငံမှာ စတင်နာမည်ကြီးခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ ယနေ့အချိန်ထိ နာမည်ကြီးနေတုန်းပါဘဲ ။ သူဟာ တကယ့်ကို အောင်မြင်ကျော်ကြားလွန်းတဲ့ ပျိုပျိုမေတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးပေါ့။ သူဟာ ပရိသတ်တွေနဲ့ အဆင်ပြေစွာနေထိုင်တက်သူဖြစ်ပြီး ဝေဖန်ခံရတာ အများဆုံးလဲ ဖြစ်ပါတယ်။ ဒါပေမယ့် ယခုဝေဖန်မှု ကိုတော့ သူ့အနေနဲ့ ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။

စိုင်းစိုင်းဟာ လက်ရှိမှာ ပိုးမမှီသာနဲ့ အတူတူ ရုပ်ရှင်ကားကြီးရိုက်ကူးနေပြီး သူတို့နှစ်ယောက်ရဲ့ ရိုက်ကွင်းပေါ်က ဓာတ်ပုံတစ်ပုံကြောင့် ဝေဖန်မှုတွေရှိလာပါတယ်။ ဒီလိုဝေဖန်မှုတွေကိုတော့ စိုင်းစိုင်းက ပြန်လည်ဖြေရှင်းလာခဲ့ပါပြီ။

သူပြောခဲ့တာကတော့ ” ရုပ်ရှင်တူတူရိုက်နေတဲ့ပုံတွေကို လိုင်းပေါ်တင်ပြီး ဟိုလိုဒီလိုတွေရေးတာတော့ လွန်တာပေါ့ခင်ဗျာ … ( ဒါမျိုးတွေကြောင့် ရိုက်ကွင်းမှာ ဓာတ်ပုံမရိုက်ဖို့တောင်းပန်တာလည်းဖြစ်ပါတယ် ။နားလည်မှုရှိစွာ ကူညီခဲ့ကြတဲ့ ပရိသတ်များကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ )” လို့ ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်နဲ့ ပိုးမမှီသာတို့ ရိုက်ကူးနေတဲ့ ပိတောက်ကတဲ့ ဂီတရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး အဆိုပါဇာတ်ကားမှာ သူတို့နှစ်ယောက်အပြင် ဦးကျော်သူနဲ့ အေးမြတ်သူတို့လဲ ပါဝင်ရိုက်ကူးနေတာဖြစ်တယ်လို့ သိရပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *